အမျိုးသားညီညွတ်ရေးအစိုးရ

တရားရေးဝန်ကြီးဌာန

နေ့စွဲ၊ ၇ – ၁ – ၂၀၂၃

မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာနမှ မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေး(အမှတ်စဥ် ၁/၂၀၂၃) အခမ်းအနားကို (၇-၁-၂၀၂၃) ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပါသည်။

ထိုအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်၊ တွဲဖက်အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်မျိုးထွန်း၊ ညွှန်ကြား ရေးမှူးချုပ် ဦးရန်ကြီးအောင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်လင်းထက်စံ၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးတင်ထွန်းသိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သဥ္ဇာမြ၊ ညွှန်ကြားရေးမှူး များ၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် မြို့နယ် ၂၁ မြို့နယ်မှ ဥပဒေတာဝန်ခံများလည်း တက် ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး က မြေပြင်မှဥပဒေတာဝန်ခံများနှင့် တရားရေး ဝန်ကြီးဌာန ညှိနှိုင်းအဖြေရှာခြင်းသည် တရားရေးဝန်ကြီးဌာန ယန္တရားတစ်ခုလုံး လည်ပတ် ဆောင်ရွက်ရာတွင် ဥပဒေတာဝန်ခံများ၏ အခန်းကဏ္ဍသည်လည်း အင်မတန်အရေးကြီး ကြောင်း၊ အမှုအခင်းများကို တရားရုံးမရောက်ခင် ဥပဒေတာဝန်ခံများမှ ပထမဦးစွာ ထိတွေ့ရ သည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ အုပ်ချုပ်ရေးယန္တရားအနေနှင့် ဥပဒေနှင့်ညီညွှတ်မှု ရှိ မရှိ အကြံ ပြုတောင်းခံလာသည့် အခြေအနေတွင်လည်း အကြံပေးရမည့်သူများဖြစ်ကြောင်း၊ စိုးမိုးနယ် မြေများရှိလာပြီဖြစ်သည့်အတွက် ယင်းနယ်မြေများကို ဆက်လက်ထိန်းသိမ်း၍ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးတာဝန်ခံများအား အနီးကပ် အကြံဥာဏ်ပေးဖို့ရန်မှာ ဥပဒေတာဝန်ခံများ၏ တာဝန်သာဖြစ်သည်ဟု အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်နှင့် တွဲဖက်အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်တို့မှ မြို့နယ်တာဝန်ခံများအား နှုတ်ခွန်းဆက်အားပေးစကားများ ပြောကြားခြင်း၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ ၂၀၂၂ ခုနှစ်အတွင်း ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးများမှ ထွက်ပေါ်လာသည့် ရှေ့လုပ်ငန်းစဥ်များ ပြီးစီးမှုအခြေ အနေများကို ရှင်းလင်းဆွေးနွေးခြင်း၊ ရုံးအဖွဲ့မှူးမှ အမှုစာရင်းကောက်ယူမှုပုံစံ၊ အမှုပြီးပြတ် ချက်ပုံစံ၊ ဥပဒေအကြံပေးပုံစံများကို ဆွေးနွေးတင်ပြခြင်း၊ ဥပဒေတာဝန်ခံများ၏ မေးမြန်းချက် များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခြင်း၊ အထွေထွေဆွေးနွေးခြင်း များပြုလုပ်ခြင်း၊ အစည်းအဝေးဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ရှေ့လုပ်ငန်းစဥ်များချမှတ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

အစည်းအဝေးဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ရှေ့လုပ်ငန်းစဥ်များချမှတ်ခြင်းတို့အား ပြည်ထောင် စုဝန်ကြီး ဦးသိန်းဦးမှ အတည်ပြုပေးခဲ့ပြီး အစည်းအဝေးအခမ်းအနားကို မွန်းလွှဲ ၁ နာရီ အချိန် တွင် ပိတ်သိမ်းခဲ့ပါသည်။

တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန

တရားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်