တရားတဲ့လူသာ
နိုင်ကြေးဟေ့

တရားမမျှတမှုသည် တရားမျှတမှုကို နေရာတိုင်းတွင်ခြိမ်းခြောက်နေသည်။ ရှောင်လွှဲလို့မရနိုင်တဲ့ ကံကြမ္မာအ၀တ်တစ်ထည်နဲ့ ချည်နှောင်ထားတဲ့ အပြန်အလှန်ဆက်ဆံရေးကွန်ရက်တစ်ခုထဲမှာ ငါတို့ဖမ်းမိနေတယ်။ ဘယ်အရာမဆို တိုက်ရိုက်မသက်ရောက်ခဲ့ရင်, သွယ်ဝိုက်ပြီးတော့ သက်ရောက်လာမှာပါ။

သမိုင်းဖြစ်စဥ်

တရားရေးဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြသည့် ဥပဒေအရာရှိများ၊ တရားသူကြီးများ၊ ရှေ့နေရှေ့ရပ်များ အပါအဝင် ကဏ္ဍအရပ်ရပ်ရှိ ဥပဒေပညာရှင်များ၊ အခြားပညာရှင်များနှင့် နိုင်ငံ့ဝန်ထမ်းများ ပါဝင်ဖွဲ့စည်းခဲ့ပါသည်။

တရားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာဝန်များအပြင် အသွင် ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ၊ ကြားကာလ၏ တရားစီရင်ရေးမဏ္ဍိုင် တစ်ရပ် ဖော်ဆောင်ရာတွင် အဓိက တာဝန်ယူဆောင်ရွက်ခြင်း လုပ်ငန်းများ၊ တရားရုံးအဆင့်ဆင့်နှင့် စပ်လျဥ်းသည့် တရားစီရင်ရေးဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် စောင့်ကြည့်ထိန်းညှိခြင်း လုပ်ငန်းများ၊ အကျဥ်းထောင်များ ကြီးကြပ်ကွပ်ကဲခြင်း လုပ်ငန်းများ စသည်တို့ကို ဆောင်ရွက်ပါသည်။

မျှော်မှန်းချက်

ဥပဒေဆိုင်ရာ
အခွင့်အရေး

အများပြည်သူ၏ ဥပဒေဆိုင်ရာအခွင့်အရေးများကို ထိန်းသိမ်းကာကွယ်မြှင့်တင်ရန်

တရားစီရင်ရေးစနစ်

အများပြည်သူတို့ ယုံကြည်ကိုးစားမှုမြင့်မားပြီး ကြားကာလနှင့်လျော်ညီသောလွတ်လပ်သည့် တရားစီရင်ရေးစနစ် ဖော်ဆောင်ရာတွင် ထိရောက်စွာ အကူအညီပေးရန်

ဖက်ဒရယ်
တရားစီရင်ရေးစနစ်

တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းနှင့် လိုက်လျောညီထွေမှုရှိသည့် ဖက်ဒရယ်တရားစီရင်ရေးစနစ်တရပ် ဖြစ်ပေါ်လာစေရန်

ကြားကာလ
တရားဥပဒေစိုးမိုးရေး

နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ကြားကာလ တရားဥပဒေစိုးမိုးရေးကို အရှိန်အဟုန်မြှင့်တင်ရန်

စောင့်ကြည့်ထိန်းညှိရန်

ကြားကာလတရားရုံးအဆင့်ဆင့်ကို စောင့်ကြည့်ထိန်းညှိရန်

ပြည်ထောင်စုဝန်ကြီး

ဦးသိန်းဦးသည် ၁၉၇၈ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ B.A(Law):LL.B ဘွဲ့ကိုရရှိခဲ့ပြီး၊ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်မှ M.Aဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရပြီး အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကိုဖွဲ့စည်းတည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး၊ တရားရေးဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံရှေ့နေများကောင်စီ (Burma Lawyers’ Council-BLC) ဉက္ကဌအဖြစ် ၁၉၉၄ မှ ၂၀၁၄ခုနှစ် အထိ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ 

ဖက်ဒရယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွက် ပထမဆုံးဖွဲ့စည်းပုံအခြေခံဉပဒေ(မူကြမ်း)ကို ၁၉၉၃-၁၉၉၆ခုနှစ်တွင် ရေးဆွဲခဲ့ရာတွင် အတွင်းရေးမှူး အဖွဲ့ဝင် တစ်ဦးအဖြစ်၎င်း၊ ၂၀၀၆ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ဒုတိယအကြိမ် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဉပဒေ ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ(FCDCC)၏ အတွင်းရေးမှူး အဖွဲ့ဝင်တဦးအဖြစ် ၎င်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ယခုလက်ရှိ အချိန်တွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၏ တရားရေးဝန်ကြီး အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

Photo of U Thein Oo, Union Minister of Ministry of Justice

၂၀၂၁ နွေဦးတော်လှန်ရေး သမိုင်းဝင်မှတ်တမ်းများ

အကြံပြုစာပေးပို့ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တရားရေးဝန်ကြီးဌာနထံ အများပြည်သူ၏ အကြံပြုချက်များကို ပေးပို့နိုင်ပါသည်။

တိုင်ကြားစာပေးပို့ခြင်း

စစ်ကောင်စီကကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် ပြည်သူအချင်းချင်းဖြစ်ပွားသော မှုခင်းများကို တရားရေးဝန်ကြီးဌာနကို တိုင်ကြားနိုင်ပါသည်။

သခင်ဘဟိန်း၏ ၁၀၇ နှစ်မြောက်မွေးနေ့

ယနေ့ကျရောက်သော သခင်ဘဟိန်း၏ ၁၀၇ နှစ်မြောက်မွေးနေ့ကို ကျွန်ုပ်တို့ တရားရေးဝန်ကြီးဌာနမှ ဂုဏ်ပြုအပ်ပါသည်။ ၁၉၁၇ ခုနှစ်တွင် မွေးဖွားခဲ့သော မြန်မာ့သူရဲကောင်း သခင်ဗဟိန်းကို ယနေ့တွင် အောက်မေ့သတိရ၍ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ဒို့ဗမာအစည်းအရုံးကို တည်ထောင်သူအနေဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ကို ရင်းနှီးပြီး ထောင်သွင်းအကျဉ်းချခြင်းများနှင့် အခက်အခဲများကို မယိမ်းယိုင်သော သတ္တိနှင့်ရပ်တည်ချက်များဖြင့် ရင်ဆိုင်ခဲ့ပါသည်။

Read More »

ဆလိုင်းတင်မောင်ဦး ကြိုးပေးသတ်ဖြတ်ခံခဲ့ရသည့် ၄၈ နှစ်မြောက်နေ့

ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးရာလှုပ်ရှားမှု သမိုင်းလမ်းကြောင်းတွင် ထင်ရှားသော ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးသတ်ဖြတ်ခံခဲ့ရသည့် ၄၈ နှစ်မြောက်နေ့ ဖြစ်ပါသည်။ ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် နေ၀င်းစစ်အစိုးရအပေါ် ဆန္ဒပြခဲ့မှုများကြောင့်

Read More »

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးနေ့

ယနေ့ ဇွန်လ ၂၆ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အသုံးပြုခြင်းနှင့် ရောင်းဝယ်မှုများကို တိုက်ဖျက်ခြင်းဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ရန်အတွက် တစ်ကမ္ဘာလုံးက အသိအမှတ် ပြုထားသည့် နေ့ဖြစ်ပါသည်။ နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရန်၊ ဒီမိုကရေစီနှင့် တရားမျှတမှုရရှိရန် မြန်မာနိုင်ငံအတွက် ကျွန်ုပ်တို့၏စုပေါင်းတိုက်ပွဲဝင်နေချိန်တွင် ကျွန်ုပ်တို့၏ မြန်မာပြည်သူလူထု၏ ကျန်းမာရေးကို ထိခိုက်စေသော

Read More »

(၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့

ယနေ့ ဇွန် ၂၁ နေ့တွင် ကျရောက်သော (၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့တွင် ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန (MOJ) မှ ကရင်နီပြည်သူများအား စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပါစေဟု ဆုတောင်းပြုရင်း လှိုက်လှိုက်လှဲလှဲ နှုတ်ခွန်းဆက်လိုက်ပါသည်။ ကရင်နီအမျိုးသားနေ့သည် ကရင်နီအမျိုးသားများ၏ ခိုင်မြဲသောစိတ်ဓာတ်နှင့် မျိုးချစ်စိတ်အတွက် ခိုင်မာသောသက်သေတစ်ခုဖြစ်ပါသည်။ကရင်နီလူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊

Read More »

ပြည်သူ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက် မွေးနေ့

ယနေ့ ဇွန်လ ၁၉ ရက်နေ့သည် ကျွန်ုပ်တို့ အားလုံး လေးစားချစ်ခင်ရသည့် ပြည်သူ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက် မွေးနေ့ ဖြစ်ပါသည်။ စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးမှုကြောင့် အကျဥ်းကျနေရသော်လည်း ပြည်သူများ၏ ဆုတောင်း မေတ္တာပို့သမှုများဖြင့် ယနေ့ကျရောက်သော မွေးနေ့မှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့်

Read More »

Eid al-Adha ၏ မင်္ဂလာအခါသမယ

ဤ Eid al-Adha ၏ မင်္ဂလာအခါသမယတွင် တရားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိအစ္စလာမ်ဘာသာဝင်များအားလုံးကို လှိုက်လှိုက်လှဲလှဲ နှုတ်ခွန်းဆက်သအပ်ပါသည်။ Eid al-Adha သည် အလ္လာဟ်အရှင်မြတ်အား တမန်တော်အီဘရာဟင်မ်၏ မယိမ်းယိုင်သောယုံကြည်မှုနှင့် နာခံမှုကို အထိမ်းအမှတ်ပြုဖော်ညွှန်းသည့်အချိန်ဖြစ်သည်။ ဤထူးခြားသောပွဲသည် အစ္စလာမ်ဘာသာ၀င်များ၏ အနစ်နာခံမှု၊ ကရုဏာနှင့် ရက်ရောမှုတို့ကို မြင်တွေ့ရသော ပွဲတော်တစ်ခုလည်းဖြစ်ပါသည်။

Read More »