အမျိုးသားညီညွတ်ရေးအစိုးရ
တရားရေးဝန်ကြီးဌာန
၂၀၂၃ ခုနှစ်၊ ဇူလိုင် လ ၊(၂၉) ရက်
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ(သီးသန့်) တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများ(သီးသန့်) တွေ့ဆုံဆွေးနွေးသည့် အစည်း အဝေးအမှတ်စဉ်(၂/၂၀၂၃)ကို (၂၉.၇.၂၀၂၃)ရက်နေ့ မြန်မာစံတော်ချိန် မနက်(၁၀:၀၀)အချိန်တွင် စတင်ကျင်းပခဲ့ပါသည်။
ထိုအစည်းအဝေးသို့ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မေအောင်သူ၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေး ဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်တရားရုံး(၂၈)ရုံးမှ မြို့နယ်တရားသူကြီးများ နှင့် ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများအပေါ် တာဝန်ရှိသူများမှ အသီးသီးပြန်လည် ဖြေကြားခဲ့ပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မေအောင်သူမှ တက်ရောက်လာသော တရားသူကြီးများနှင့် ယခုလို အပြန်အလှန်ဆွေးနွေးမှုများရရှိခဲ့၍ လွန်စွာဝမ်းမြောက်ကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေး မေးမြန်းမှုများအတွက် တစုံတရာ အသိပညာ အတွေ့အကြုံကောင်းများ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း တက်ရောက်လာသူ ဆရာ/ဆရာမ များအားလုံးအား အထူးပင်ကျေးဇူးတင်ရှိပြီး ဘေးအန္တရာယ်ကင်းဝေးပါစေကြောင်းဖြင့် ဆုမွန်ကောင်း တောင်းပေးပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လည်(၁း၀၀)နာရီ အချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့ပါသည်။

ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
