၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၊(၂) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများ(သီးသန့်) တွေ့ဆုံဆွေးနွေးသည့် အစည်း အဝေးအမှတ်စဉ်(၃/၂၀၂၃)ကို (၂.၈.၂၀၂၃)ရက်နေ့ မြန်မာစံတော်ချိန် မနက်(၁၀:၀၀)အချိန်တွင် စတင်ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ ကြားကာလတရားစီရင်ရေး ဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ ဆက်သွယ်ရေးတာဝန်ခံများ၊ မြို့နယ်တရားရုံး(၂၅)ရုံးမှ မြို့နယ်တရားသူကြီး ၅၂ ဦး တက်ရောက်ခဲ့ကြသည်။

      ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန မှ  ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်မှ  တော်လှန်ရေးကာလအတွင်း တရားစီရင်ရေး လုပ်ငန်းများကို အဓိကတာဝန်ယူဆောင်ရွက် ပေးနေရသော မိမိတို့ဦးစီးဌာန နှင့်မြေပြင်တွင် ဆောင်ရွက်နေကြသော တရားသူကြီးများ နီးနီးကပ်ကပ် အလုပ်များလုပ်ကိုင်နိုင်ရန် အတွက် ဦးစီးဌာနအနေဖြင့် တွေ့ဆုံပြီး တရားသူကြီးများ၏ လိုအပ်ချက်များ၊  ဦးစီးဌာန၏ လိုအပ်ချက်များအား ပြောဆို၍ ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေးကြရန်၊ ဆွေးနွေးချက်များအပေါ် လိုအပ်ချက်များကိုမူတည်၍ နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်ကြရန် တော်လှန်ရေး ကို ရှေးရှု၍ ဆောင်ရွက်ကြသည့် အစည်းအဝေး တစ်ရပ်ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ပိုပြီး နီးနီးကပ်ကပ် တိုင်ပင်နိုင်ရန်၊ လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးကြရန်၊ လုပ်ငန်းပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးနိုင်ရန် အတွက်လည်း ရည်ရွယ်ကြောင်း၊  တရားစီရင်ရေးလုပ်ငန်း အတွေ့အကြုံရှိသည့် ဆရာ၊ ဆရာမများ ပါဝင်သည့်အတွက် မြေပြင်အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်း ပေးမည်ဖြစ်ကြောင်း၊ ယခုကာလတွင် အချို့သောကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် နိုင်တာရှိကြောင်း၊ ယခုကာလနှင့်အညီ လုပ်ထုံးလုပ်နည်းနှင့် လွဲချော်မသွားစေဘဲ လုပ်ထုံးလုပ်နည်း နှင့်အညီ ညှိနှိုင်းဆောင်ရွက်ကြရသည့် ကိစ္စများလည်း ရှိကြောင်း၊ မူဝါဒပိုင်းအရ လိုအပ်ချက်များ ရှိပါကလည်း အဆင့်ဆင့်ပြန်လည် တင်ပြပေးသွားမည်ဖြစ်ကြောင်း၊  ဝန်ကြီးဌာနအနေဖြင့် ကြားကာလတရားစီရင်ရေး မူဝါဒများ ပူးပေါင်း ရေးဆွဲနေကြောင်း၊ အဆင့်ဆင့်တင်ပြပြီးလျှင် မြေပြင်တွင် ကျင့်သုံးနိုင်မည့်မူဝါဒများ ထွက်ပေါ်လာမည် ဖြစ်ကြောင်း၊ တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပုံ၊ တရားစီရင်ရေးအာဏာ စသည်ဖြင့် အဆင့်ဆင့်  ရေးသားထားကြောင်း၊ ပြန်လည်သုံးသပ်ပြီးလျှင် မြေပြင်ကို ထုတ်ပြန်ရန်ရှိနေပါကြောင်း၊ တော်လှန်ရေးကာလ အတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အတူတကွလက်တွဲ၍  ဘေးအန္တရာယ်ကင်းစွာဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ တက်ရောက်လာသော ဦးစီးဌာနမှ ဝန်ထမ်းများ နှင့် တရားသူကြီးများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေကြောင်း ဆုတောင်းစကားဖြင့် အဖွင့်အမှာ စကားပြောကြားခဲ့သည်။

           ထို့နောက် အစည်းအဝေးတက်ရောက်လာသူမှ တရားစီရင်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းလို အပ်ချက်များ၊ အတွေ့အကြုံများ အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြပြီး၊ အစည်းအဝေးဆုံးဖြတ်ချက်များ နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပြီး အခမ်းအနားအား မြန်မာစံတော်ချိန် ၁၂:၀၄ နာရီအချိန် တွင် အောင်မြင်စွာရပ်နားခဲ့သည်။                                         

ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်