၂၀၂၃ခုနှစ်၊ နို၀င်ဘာလ၊ ၅ရက်
တရားရေး၀န်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလတရား
မျှတမှုဆိုင်ရာဦးစီးဌာနသည် စစ်အာဏာသိမ်းမှုဖြစ်စဥ်ကာလအတွင်း စစ်အာဏာရှင်များမှ ကျူးလွန်နေသည့်စစ်ရာဇ၀တ်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုများ၊လူမျိုးတုန်းသတ်ဖြတ်မှုများ၊အများပြည်သူ၏အိုးအိမ်အဆောက်အဦးမီးရှို့ဖျက်ဆီးမှုများ၊ဥပဒေမဲ့အများပြည်သူတို့၏ပစ္စည်းများအားလုယူသိမ်းယူမှုများ အပါအ၀င် ပြည်သူအချင်းချင်းဥပဒေမဲ့ညှင်းပန်းနိပ်စက်အနိုင်ကျင့်မှုများ အရပ်ရပ်သောဥပဒေမဲ့ချိုးဖောက်ကျူးလွန်မှုများစသည်တို့ကိုစာရင်းကောက်ယူမှတ်တမ်းများထားရှိပြုစုနေပါသည်။ဥပဒေမဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအပေါ်အမှန်တရားရှာဖွေဖော်ထုတ်ခြင်း၊တရားမျှတမှုရရှိအောင်ဆောင်ရွက်ခြင်း၊ပြန်လည်ကုစားပေးလျော်ခြင်းနှင့်အရပ်ရပ်သောဥပဒေမဲ့လုပ်ရပ်များဖြစ်ရပ်ဆိုးများထပ်မံမဖြစ်ပွားစေခြင်းတို့အတွက်အဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲခြင်းစသည့်လုပ်ငန်းစဥ်များကိုလည်း စီမံဆောင်ရွက်လျှက်ရှိနေပါသည်။
ပြည်သူများအနေဖြင့်လည်းကောင်း၊ တော်လှန်ရေးအစုအဖွဲ့များအနေဖြင့်လည်းကောင်း၊ အ ဖွဲ့အစည်းများအနေဖြင့်လည်းကောင်း အာဏာသိမ်းမှုဖြစ်နေစဥ်ကာလအတွင်း မည်သူမဆို ဥပဒေမဲ့ ပြစ်မှုကျူးလွန်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုများစသည့်ပြစ်မှုများကို ကျူးလွန်ခံရသူမှဖြစ်စေ ကျူးလွန်သည်ကိုတွေ့ ရှိကြားသိသူကဖြစ်စေ အဆိုပါ သတင်းအချက်အလက်မှတ်တမ်းများကို -Emailaddressroltjd@moj.nugmyanmar.org,Signal,Telegram,Viber:+66809411647 သို့သတင်းပေးပို့ကြပါရန်နှင့်ပူးပေါင်းပါ၀င်ပေးကြပါရန်အများပြည်သူတို့အားမေတ္တာရပ်ခံဖိတ်ခေါ်အပ်ပါသည်။သတင်းအချက်အလက်များပေးပို့သူ၏အချက်အလက်များလုံခြုံမှုကိုအလေးထားထိန်းသိမ်းပါမည်။
၂၀၂၃ခုနှစ်၊အောက်တိုဘာလအတွင်းအကြမ်းဖက်စစ်ကောင်စီမှပြည်သူများအပေါ်ကျူးလွန်သည့်အမျိုးမျိုးသောရာဇ၀တ်မှုများ၊တော်လှန်ရေးအင်အားစုများမှပြည်သူများအပေါ်ဥပဒေမဲ့ကျူးလွန်ခဲ့သည့်ပြစ်မှုများအကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်ကြောင့်ပြည်သူများထိခိုက်နစ်နာသေဆုံးခဲ့ရမှုများနှင့် မီးလောင်ပျက်စီး ဆုံးရှုံသွားခဲ့သည့် အိုးအိမ်အဆောက်အဦးများ စသည့်စာရင်းများကို အများပြည်သူတို့ သိရှိနိုင်ရန်နှင့် တရားစွဲဆိုအရေးယူအပြစ်ပေးမှုများပြုလုပ်နိုင်ရန် မှတ်တမ်း
ကောက်ယူစုဆောင်းထားရှိမှုကို ဇယားနှင့်တကွ အများပြည်သူတို့ထံ တင်ပြအစီရင်ခံအပ်ပါ သည်။
MoJ
Ministry of Justice
တရားရေး၀န်ကြီးဌာန



