၁၉၄၈ ခုနှစ် မှစတင်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်နေ့အဖြစ်အတည်ပြုသတ်မှတ်ခဲ့ကြသည်မှာ ယနေ့ဆိုလျှင် ၇၆နှစ် တိုင်သို့ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

( ၇၁ ) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ

“ကျွန်မတို့စုစည်းတဲ့အခါ ဘယ်တိုင်းရင်းသားအတွက် ဘယ်နေ့သာဖြစ်တယ် ဆိုတဲ့ စိတ်ဓာတ်မဟုတ်ဘဲ အခုကချင်ပြည်နယ်နေ့ဆိုရင် ကချင်ပြည်နယ်ထဲရှိတဲ့ တိုင်းရင်းသား ပေါင်းစုံနဲ့ သက်ဆိုင်တဲ့နေ့လည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်နေ့ ပေါ်ပေါက်လာတာလည်း လွတ်လပ်ရေးနဲ့တစ်နှစ်တည်း ပေါ်ပေါက်လာတာပါ။ ဒါကြောင့် ကျွန်မတို့နိုင်ငံရဲ့ လွတ်လပ်ရေးသင်္ကေတလည်း ဖြစ်တယ်လို့ ပြောရင်လည်း မမှားဘူး။ ပထမဦးဆုံး ကချင်ပြည်နယ်နေ့ကို တက်ရောက်တဲ့ သမ္မတကြီးစပ်ရွှေသိုက်ဟာ ရှမ်းတိုင်းရင်းသားဖြစ်တယ်။ ဒီဟာကလည်း ပြည်ထောင်စုရဲ့ အနေအထားကို ဖော်ပြတာပဲ၊ ပထမဦးဆုံး ကချင်ပြည်နယ်နေ့ကိုတက်ရောက်တဲ့ သမ္မတကြီးဟာ ရှမ်းတိုင်းရင်းသား ဖြစ်တယ်ဆိုတာ တိုင်းရင်းသားလူမျိုးစုတွေအားလုံးရဲ့ နေ့ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဘယ်တိုင်းရင်းသားနေ့ဖြစ်ဖြစ်၊ ဘယ်ပြည်နယ်နေ့ဖြစ်ဖြစ် ကျွန်မတို့ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေနဲ့ သက်ဆိုင်ပါတယ်။” ဟုအမှာစကား ပြောကြားခဲ့ဖူးသည်။

ယခုလည်း ထိုနည်းတူစွာပင် တိုင်းရင်းသားလူမျိုးအားလုံးနှင့် သက်ဆိုင်သော လွတ်လပ်ရေး၏ သင်္ကေတတစ်ခုလည်းဖြစ်သည့် ၇၆ နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်၊တိုင်းအသီးသီး လွတ်လပ်မှု ၊တရားမျှတမှု၊ တန်းတူညီမျှမှုနှင့်အတူ ငြိမ်းချမ်းသာယာ ဝပြောပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

တရားရေး၀န်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်