ယနေ့ကျရောက်သည့် ကရင်သက္ကရာဇ် ၂၇၆၃ခုနှစ်၊ ပြာသိုလဆန်း (၁)ရက်နေ့သည် ကရင်တိုင်းရင်းသား အားလုံး၏ အလေးအမြတ်ထား ဂုဏ်ယူတန်ဖိုးထားကြသည့် ကရင်အမျိုးသားနှစ်သစ်ကူး မင်္ဂလာနေ့ထူးနေ့မြတ် ဖြစ်သည့်အလျောက် ကျန်းမာခြင်း၊ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ဘေးကင်းလုံခြုံခြင်းနှင့်သာယာဝပြောခြင်းတို့ ရရှိခံစားနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ကရင်တမျိုးသားလုံးနှင့် ထာဝရချစ်ကြည်ရင်းနှီးစွာလက်တွဲ၍ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တွန်းလှန်ပြီး အနာဂါတ် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာရေးကို တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် ဟန်ချက်ညီညီ လက်တွဲချီတက်သွားပါမည်ဟု ထပ်လောင်း ကတိပြုအပ်ပါသည်။
တရားရေး၀န်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
