အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၀၁:၀၀)နာရီအချိန်တွင် Zoom Meetingဖြင့် ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် ဌာနမှတာဝန်ရှိသူများ၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)မှ ဥက္ကဌအဖွဲ့ဝင်များနှင့် ကောင်စီဝင်များ အသီးသီးတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး ကောင်စီ၏ အထွေထွေအတွင်းရေးမှူးက မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)ဖွဲ့စည်းထားရှိမှုအကြောင်းကို မိတ်ဆက်ရှင်းလင်းတင်ပြပါသည်။ ဆက်လက်ပြီး ရှင်းလင်းတင်မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် အဓိက အကြံပြုလိုသည်မှာ မွန်ပြည်နယ်‌ CDMကောင်စီနှင့် အခြားပြည်နယ်နှင့်ဖက်ဒရယ်ယူနစ်များအကြား ကွန်ယက်ထူထောင်ထားနိုင်ရေးဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့အစည်းရဲ့ လိုအပ်ချက်များအပေါ် ဆန်းစစ်ပြီး အမြဲနိုးကြားတက်ကြွနေရမည်ဖြစ်ပါကြောင်း၊ အပြောင်းအလဲများတွင်လည်ူ အလိုက်သင့် လိုက်ပါပြောင်းလဲနိုင်ရန် လိုအပ်ပါကြောင်း၊ အနာဂတ်အတွက် မှတ်တိုင်များလည်း ချမှတ်ထားသင့်ပြီး အစုအဖွဲ့များအကြား ဘုံလုပ်ဆောင်နိုင်မည့် လုပ်ငန်းစ‌ဉ်များကို ယခုကတည်းက ကြိုတင်ညှိနှိုင်းပြင်ဆင်ထားသင့်ပါကြောင်း လမ်းညွှန်မှာကြားပြီး တက်ရောက်လာသူများမှလည်း အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ကာ တွေ့ဆုံဆွေးနွေးပွဲကို ညနေ (၀၃:၀၀)နာရီအချိန်တွင် ရပ်နားခဲ့ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်