ယနေ့ မေလ (၃)ရက်နေ့တွင် ကျရောက်သောကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် နေ့ တွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုအ ပေါ် ဆန့်ကျင် သောတော်လှန်ရေးတိုက်ပွဲတွင် ကလောင်စွမ်းဖြင့်ပါဝင်တိုက်ပွဲဝင်လျက်ရှိသော စာနယ်ဇင်းသမားများ၏ ပါဝင်အားဖြည့်မှုအား ဂုဏ်ယူအသိအမှတ်ပြုပါသည်။
ယနေ့အချိန်ထိ အကြမ်းဖက်စစ်တပ်မှ မတရားဖမ်းဆီးထိန်းသိမ်းထားသော စာနယ်ဇင်းသမား ပေါင်းများစွာ ရှိပါသည်။ မြန်မာပြည်အတွင်း အင်တာနက်လိုင်းများ၊ ဖုန်းလိုင်းများကို ဒေသအတော်များများတွင် ပိတ်ပင်ထားသည့်အတွက် ပြည်သူလူထုအနေဖြင့် သတင်းအချက်အလက် ရရှိမှု၊စီးဆင်းမှုမှာ ထိန်းချုပ်ကန့်သတ်ခံထားရပါသည်။
စာနယ်ဇင်းသမားများအနေဖြင့် လွတ်လပ်စွာ တင်ပြခွင့် အပြည့်အဝရရှိရေးသည် ဒီမိုကရစီလမ်းကြောင်းတွင် အရေးပါမှုတစ်ရပ် ဖြစ်သည့်အပြင် ပြည်သူလူထုအနေဖြင့်လည်း မှန်ကန်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ရထိုက်ခွင့်ရှိပါသည်။
သို့ဖြစ်ပါ၍ တရားမျှတသော လွတ်လပ်ခွင့်များ အပြည့်အဝရရှိစေရန် ရည်မျှော်၍ တော်လှန်ရေးပန်းတိုင်အမြန်ဆုံးရောက်ရှိပြီး စာနယ်ဇင်းသမားများအားလုံး ဘေးကင်းလုံခြုံကြ စေရန်နှင့် ဖမ်းဆီးခံစာနယ်ဇင်းသမားများအားလုံးအမြန်ဆုံးလွတ်မြောက်နိုင်စေရန် ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည်။
