အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ တရားစွဲနှင့်အမှုလိုက်ဦးစီး ဌာန နှင့်မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအမှတ်စဥ် (၃/၂၀၂၄) အခမ်းအနားကို (၁၀-၅-၂၀၂၄) ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၉း၃၀) နာရီတွင် ကျင်းပခဲ့ ပါသည်။

ထိုအခမ်းအနားသို့ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှညွှန်းကြားရေးမှူးချုပ် ဒေါ်မေနီ၊ ဥပဒေအကြံပေးအရာရှိဒေါ် Yellow Rose၊ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်ဆက်သွယ်ရေး တာဝန်ခံများနှင့် မြို့နယ်(၁၉)မြို့နယ်မှ ဥပဒေတာဝန်ခံ(၂၁)ဦး တို့လည်း တက်ရောက်ခဲ့ကြ ပါသည်။

ရှေးဦးစွာ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှညွှန်းကြားရေးမှူးချုပ် ဒေါ်မေနီမှ အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်ဥပဒေရုံးများအနေဖြင့် လစဉ်အစီရင်ခံစာများ၊ ဥပဒေအကြံပေးမိတ္တူများနှင့် အမှုပြီးပြတ်ချက်များကို လစဉ်ပုံမှန်ပေးပို့ကြရန်၊ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဥပဒေတာဝန်ခံများအနေဖြင့် တာဝန်ယူမှုတာဝန်ခံမှုများ ရှိကြစေ ရန်နှင့် ယနေ့ပြုလုပ်သော အစည်းအဝေးတွင် မိမိတို့မြို့နယ်များ၏ အခက်အခဲများ၊ လိုအပ် ချက်များအား ပွင့်လင်းစွာတင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြား၍ အစည်းအဝေး အခမ်းအနားကို စတင်ခဲ့ပါသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ ယခင်(၂/၂၀၂၄)အစည်းအဝေး၏ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ဒေါ်ရွှေဇင်မှ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် အထွေထွေဆွေးနွေးခြင်းအစီအစဉ်အရ အစည်းအဝေးတက်ရောက်လာသော ဥပဒေတာဝန်ခံများမှမေးမြန်းသော ချုပ်မိန့်ရီမန်ကိစ္စ၊ ဥပဒေအကြံပေးခြင်းကိစ္စ၊ Non-CDM များအရေးယူရေးကိစ္စ၊ ဘတ်ဂျက်ငွေစာရင်းကိစ္စ၊ မြို့နယ်ဥပဒေရုံးများအတွက် စာရေးဝန်ထမ်းခန့်အပ်နိုင်ရေးကိစ္စနှင့် ဥပဒေတာဝန်ခံများ၏ အခန်းကဏ္ဍပိုင်းဆိုင်ရာ ကိစ္စရပ်များအား မေးမြန်းဆွေးနွေးကြရာ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေနီနှင့် ဥပဒေအကြံပေးအရာရှိ ဒေါ်Yellow Rose တို့မှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြ ပြီးနောက် အစည်းအဝေးမှထွက်ပေါ်လာသော ဆုံးဖြတ်ချက်နှင့်ရှေ့လုပ်ငန်းစဉ်များ ချမှတ် အတည်ပြုခဲ့ကြပြီး တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊ ဥပဒေတာဝန်ခံများနှင့်တွေ့ဆုံဆွေးနွေးပွဲ အမှတ်စဉ်(၃/၂၀၂၄)အား နေ့လည်(၁၂)နာရီ၊ (၂၀)မိနစ်တွင် အောင်မြင်စွာ ရပ်နားခဲ့ပါသည်။

တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန

တရားရေး၀န်ကြီးဌာန

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်