ယ​နေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမေများနေ့၌ ကျွန်ုပ်တို့နိုင်ငံ၏ နွေဦးတော်လှန်ရေးခရီးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါရှိကြသော မိခင်များကို လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။

မြန်မာပြည်သူများ၏ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီဖယ်ဒရယ်ရရှိရေး တိုက်ပွဲများတွင် ရဲရင့်သောမိခင်များလည်း ပါ၀င်သလို ရဲရင့်သောမိခင်များမှ မွေးထုတ်ပေးသော ရဲဘော်များသည်လည်း ရှေ့တန်းမှ ရပ်တည်နေကြပါသည်။

အမေများနေ့သည် နွေဦးတော်လှန်ရေးတွင် နေရာပေါင်းစုံမှ ပါဝင်နေကြသည့် သူရဲကောင်းများ၏ မိခင်များနှင့်တကွ ကမ္ဘာတစ်ဝှမ်းရှိ မိခင်များ၏ ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာ၊ ရဲရင့်ခိုင်မာသော ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြရမည့် အချိန်ဖြစ်ပါသည်။

ကျွန်ုပ်တို့ မိခင်များ၏ ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာ၊ အတိုင်းအဆမရှိ မိသားစုကို ပြုစုစောင့်ရှောက်မှု၊ အနစ်နာခံ ပေးဆပ်မှုများကို အမှတ်ရရင်း အမေများနေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်