ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄ )ကို (၂၂-၅-၂၀၂၄) ရက်နေ့ မွန်းလွဲ ( ၁:၃၀)နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ (၂) -တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစည်းအဝေးတက်ရောက်သူ များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း၊ ကောင်းမွန်ပြီးလွတ်လပ်မျှတသော တရားစီရင်ရေးစနစ်ကို ဖော်ဆောင်ကာ ပြည်သူများနှင့် နိုင်ငံတကာ၏ ယုံကြည်ကိုးစားမှုကို ရယူသွားကြရန် ကြိုးစားသွားကြရမည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ လတ်တလော တရားစီရင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အခြေအနေများအားတင်ပြဆွေးနွေးမှုပြုခဲ့ကြပြီးနောက် ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယခုကာလသည် မိမိတို့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အဆင်ပြေပြေဆောင်ရွက်နိုင်ခြင်းရှိ/မရှိအား နိုင်ငံတကာမှ စောင့်ကြည့်နေသည့် အတွက် တရားစီရင်ရေးသည် အရေးကြီးကြောင်း၊ ယနေ့ဆွေးနွေးကြသည်များအား ကျေကျေ လည်လည် ဆွေးနွေးကြပြီး အတတ်နိုင်ဆုံး အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း၊ တော်လှန်ရေးမှာ တရိပ်ရိပ်သွားနေသည့်အတွက် တရားစီရင်ရေးကဏ္ဍကလည်း မနှောင့်နှေးနေသင့်ကြောင်း နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား ညနေ (၃:၃၀)နာရီတွင် အောင်မြင်စွာ ရပ်နားခဲ့သည်။
Join Our Telegram Channel…. https://t.me/nug_moj
တရားရေး၀န်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
