ကျွန်ုပ်တို့မြန်မာနိုင်ငံ တရားရေး ဝန်ကြီးဌာနသည် ယနေ့ကျရောက်သော ၇၅ နှစ်မြောက် ကော်သူးလေနေ့ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။

၁၉၄၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ကျွန်ုပ်တို့ ကြည်ညိုလေးစားရသော ခေါင်းဆောင်ကြီး စောဘဦးကြီးက ကော်သူးလေ အစိုးရကို ထူထောင်ကာ ကော်သူးလေအား လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် ကြေညာခဲ့သည်မှာ ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ကော်သူးလေနေ့သည် ကရင်လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်အပြည့်အဝရရှိခြင်းကို ဖော်ပြသောနေ့လည်းဖြစ်ပါသည်။

ကျွန်ုပ်တို့ တရားရေး ဝန်ကြီးဌာနသည် နွေဦးတော်လှန်ရေးတွင် မြန်မာနိုင်ငံရှိ ကရင်တိုင်းရင်းသားများအပါအ၀င် တိုင်းရင်းသားအားလုံးတို့၏ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တရားမျှတမှုတို့ကို ဖော်ဆောင်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသားအားလုံးနှင့် အတူစည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိပါကြောင်း ‌ကတိပြုရင်း ၇၅ နှစ်မြောက် ကော်သူးလေနေ့ကို ဂုဏ်ပြုအပ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်