သခင်ဘဟိန်း၏ ၁၀၇ နှစ်မြောက်မွေးနေ့

ယနေ့ကျရောက်သော သခင်ဘဟိန်း၏ ၁၀၇ နှစ်မြောက်မွေးနေ့ကို ကျွန်ုပ်တို့ တရားရေးဝန်ကြီးဌာနမှ ဂုဏ်ပြုအပ်ပါသည်။ ၁၉၁၇ ခုနှစ်တွင် မွေးဖွားခဲ့သော မြန်မာ့သူရဲကောင်း သခင်ဗဟိန်းကို ယနေ့တွင် အောက်မေ့သတိရ၍ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ဒို့ဗမာအစည်းအရုံးကို တည်ထောင်သူအနေဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ကို ရင်းနှီးပြီး ထောင်သွင်းအကျဉ်းချခြင်းများနှင့် အခက်အခဲများကို မယိမ်းယိုင်သော သတ္တိနှင့်ရပ်တည်ချက်များဖြင့် ရင်ဆိုင်ခဲ့ပါသည်။ ထိုသို့ရင်ဆိုင်ခဲ့ပြီး သခင်ဘဟိန်းသည် ကိုလိုနီခေတ် ဖိနှိပ်မှုကို မဆုတ်မနစ် တော်လှန်ခြင်းဖြင့် ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် လမ်းခင်းပေးခဲ့သည်။ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းရာတွင် ကြံ့ကြံ့ခံရင်ဆိုင်မှု၊ တရားမျှတမှုနှင့် လွတ်လပ်မှုအပေါ် မယိမ်းယိုင်သော ကတိကဝတ်များက ယနေ့ကျွန်ုပ်တို့အား တော်လှန်စိတ်ဓာတ်ကို လှုံ့ဆော်ပေးနေဆဲဖြစ်ပါသည်။ သခင်ဘဟိန်းနှင့် သခင်အောင်ဆန်းတို့သည် ကျွန်ုပ်တို့နိုင်ငံ၏ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသကဲ့သို့ ယနေ့ခေတ် မျိုးဆက်များဖြစ်သော ကျွန်ုပ်တို့သည်လည်း စစ်အာဏာရှင်ကျရှုံးပြီး တန်းတူညီမျှမှုရသော ဖက်ဒရယ်ဒီမိုကရေစီ […]
ဆလိုင်းတင်မောင်ဦး ကြိုးပေးသတ်ဖြတ်ခံခဲ့ရသည့် ၄၈ နှစ်မြောက်နေ့

ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးရာလှုပ်ရှားမှု သမိုင်းလမ်းကြောင်းတွင် ထင်ရှားသော ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးသတ်ဖြတ်ခံခဲ့ရသည့် ၄၈ နှစ်မြောက်နေ့ ဖြစ်ပါသည်။ ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် နေ၀င်းစစ်အစိုးရအပေါ် ဆန္ဒပြခဲ့မှုများကြောင့် စစ်အစိုးရ၏ မတရားဖမ်းဆီးမှုကို ခံခဲ့ရကာ ပထမဆုံး ထောင်တွင်းကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးအတွက် အားထုတ်ခဲ့သူများအနက် ထင်ရှားသောသူတစ်ဦးဖြစ်သူ ဆလိုင်းတင်မောင်ဦးသည် နိုင်ငံရေးလှုပ်ရှားမှုများတွင် ရဲဝံ့စွာ ပါဝင်ခဲ့ပြီး၊ အာဏာရှင်စနစ်ကို အားမပေးဘဲ ရဲရင့်စွာတော်လှန်သော ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် တကျော့ပြန် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် ပေါ်ပေါက်လာသော မြန်မာ့နွေဦးတော်လှန်ရေးတွင်လည်း ကျောင်းသားလူငယ်များနှင့် […]
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးနေ့

ယနေ့ ဇွန်လ ၂၆ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အသုံးပြုခြင်းနှင့် ရောင်းဝယ်မှုများကို တိုက်ဖျက်ခြင်းဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ရန်အတွက် တစ်ကမ္ဘာလုံးက အသိအမှတ် ပြုထားသည့် နေ့ဖြစ်ပါသည်။ နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရန်၊ ဒီမိုကရေစီနှင့် တရားမျှတမှုရရှိရန် မြန်မာနိုင်ငံအတွက် ကျွန်ုပ်တို့၏စုပေါင်းတိုက်ပွဲဝင်နေချိန်တွင် ကျွန်ုပ်တို့၏ မြန်မာပြည်သူလူထု၏ ကျန်းမာရေးကို ထိခိုက်စေသော မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် ရောင်းဝယ်ဖောက်ကားမှု အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးပါသည်။ မြန်မာနိုင်ငံတရားရေးဝန်ကြီးဌာနသည် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကြောင့် ပြည်သူများ၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် စီးပွားရေးထိခိုက်မှုများကို မြင်သာသော လုပ်ဆောင်ချက်များဖြင့် မူးယစ်ဆေးဝါး အသုံးပြုခြင်းများကိုလျှော့ချတားဆီးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့ တရားရေးဝန်ကြီးဌာနသည် မြန်မာ့လူ့အဖွဲ့အစည်း၏ ကျန်းမာရေးနှင့် စီးပွားရေး ကို ကာလရှည်ကြာ နှောင့်ယှက်ခဲ့သည့် မူးယစ်ဆေးဝါး၏စိန်ခေါ်မှုများကို တားဆီးရန်နှင့် မူးယစ်ဆေးဝါး အသုံးပြုသူများကို ထိန်းသိမ်းနိုင်ရေး […]
(၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့

ယနေ့ ဇွန် ၂၁ နေ့တွင် ကျရောက်သော (၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့တွင် ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန (MOJ) မှ ကရင်နီပြည်သူများအား စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပါစေဟု ဆုတောင်းပြုရင်း လှိုက်လှိုက်လှဲလှဲ နှုတ်ခွန်းဆက်လိုက်ပါသည်။ ကရင်နီအမျိုးသားနေ့သည် ကရင်နီအမျိုးသားများ၏ ခိုင်မြဲသောစိတ်ဓာတ်နှင့် မျိုးချစ်စိတ်အတွက် ခိုင်မာသောသက်သေတစ်ခုဖြစ်ပါသည်။ကရင်နီလူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တရားမျှတမှုနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် မဆုပ်မနစ် ကြိုးပမ်းမှု၏ အထိမ်းအမှတ်လည်းဖြစ်ပါသည်။ တရားမ၀င်အကြမ်းဖက် စစ်အာဏာရှင်ကို တွန်းလှန်ကြရာတွင် ကျွန်ုပ်တို့တရားရေး ဝန်ကြီးဌာနမှ ကရင်နီလူမျိုးများ၏ စွန့်လွှတ်အနစ်နာခံမှုများကို အသိအမှတ်ပြုလေးစားလျှက် ကရင်နီတမျိုးသားလုံး၏ အောင်မြင်မှုများကို ဂုဏ်ပြုပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုအားလုံးအတွက် တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးများကို မြှင့်တင်ရန် ကတိကဝတ်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်လျက် ရှိသည်။ […]
ပြည်သူ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက် မွေးနေ့

ယနေ့ ဇွန်လ ၁၉ ရက်နေ့သည် ကျွန်ုပ်တို့ အားလုံး လေးစားချစ်ခင်ရသည့် ပြည်သူ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက် မွေးနေ့ ဖြစ်ပါသည်။ စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးမှုကြောင့် အကျဥ်းကျနေရသော်လည်း ပြည်သူများ၏ ဆုတောင်း မေတ္တာပို့သမှုများဖြင့် ယနေ့ကျရောက်သော မွေးနေ့မှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့် ခွန်အားများ ရရှိပါစေကြောင်း ကျွန်ုပ်တို့ တရားရေး၀န်ကြီးဌာနမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ မှ စတင်၍ ကြမ်းတမ်းခက်ထန်လှသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီတိုက်ပွဲတစ်လျှောက် ထောင်အကြိမ်ကြိမ်ကျကာ မိမိ၏ ဘဝတစ်ခုလုံးကို နိုင်ငံအတွက် ပေးဆပ်ခဲ့ပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှု မျိုးစေ့များကို ကြဲပက်ခဲ့သူဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းအားထုတ်မှုကြောင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းခဲ့သော်လည်း စစ်မိစ္ဆာတို့၏ ယုတ်မာကောက်ကျစ်မှုကြောင့် ၂၀၂၁ […]
Eid al-Adha ၏ မင်္ဂလာအခါသမယ

ဤ Eid al-Adha ၏ မင်္ဂလာအခါသမယတွင် တရားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိအစ္စလာမ်ဘာသာဝင်များအားလုံးကို လှိုက်လှိုက်လှဲလှဲ နှုတ်ခွန်းဆက်သအပ်ပါသည်။ Eid al-Adha သည် အလ္လာဟ်အရှင်မြတ်အား တမန်တော်အီဘရာဟင်မ်၏ မယိမ်းယိုင်သောယုံကြည်မှုနှင့် နာခံမှုကို အထိမ်းအမှတ်ပြုဖော်ညွှန်းသည့်အချိန်ဖြစ်သည်။ ဤထူးခြားသောပွဲသည် အစ္စလာမ်ဘာသာ၀င်များ၏ အနစ်နာခံမှု၊ ကရုဏာနှင့် ရက်ရောမှုတို့ကို မြင်တွေ့ရသော ပွဲတော်တစ်ခုလည်းဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သော ဤ နွေဦးတော်လှန်ရေးတွင် သာမက ကျွန်ုပ်တို့နိုင်ငံ၏ သမိုင်းအဆက်ဆက် ဒီမိုကရေစီ အရေးလှုပ်ရှားမှုတွင် အစ္စလာမ်ဘာသာဝင်များ၏ တက်တက်ကြွကြွ ပါဝင်မှု၊ ပံ့ပိုးကူညီမှု၊ စွန့်လွှတ်အနစ်နာခံမှုများကို အတိုင်းသား တွေ့မြင်ရပါသည်။ အာဏာရှင် တော်လှန်ရေးနှင့် လူ့အခွင့်အရေးအပြည့်အဝရသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရာတွင် မိမိ တို့ပြည်သူ့ကာကွယ်ရရေးတပ်မတော် PDF တွင် သာမက အခြားသော တော်လှန်ရေးအဖွဲ့အစည်းများတွင် ပါဝင်နေကြသော […]
၇၅ နှစ်မြောက် ကော်သူးလေနေ့

ကျွန်ုပ်တို့မြန်မာနိုင်ငံ တရားရေး ဝန်ကြီးဌာနသည် ယနေ့ကျရောက်သော ၇၅ နှစ်မြောက် ကော်သူးလေနေ့ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။ ၁၉၄၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ကျွန်ုပ်တို့ ကြည်ညိုလေးစားရသော ခေါင်းဆောင်ကြီး စောဘဦးကြီးက ကော်သူးလေ အစိုးရကို ထူထောင်ကာ ကော်သူးလေအား လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် ကြေညာခဲ့သည်မှာ ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ကော်သူးလေနေ့သည် ကရင်လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်အပြည့်အဝရရှိခြင်းကို ဖော်ပြသောနေ့လည်းဖြစ်ပါသည်။ ကျွန်ုပ်တို့ တရားရေး ဝန်ကြီးဌာနသည် နွေဦးတော်လှန်ရေးတွင် မြန်မာနိုင်ငံရှိ ကရင်တိုင်းရင်းသားများအပါအ၀င် တိုင်းရင်းသားအားလုံးတို့၏ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တရားမျှတမှုတို့ကို ဖော်ဆောင်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသားအားလုံးနှင့် အတူစည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိပါကြောင်း ကတိပြုရင်း ၇၅ နှစ်မြောက် ကော်သူးလေနေ့ကို ဂုဏ်ပြုအပ်ပါသည်။
အလုပ်သမားလှုပ်ရှားမှုသပိတ်နေ့
တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနနှင့်မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်းအမှတ်စဉ် (၄/၂၀၂၄)

တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊ မြို့နယ်ဥပဒေတာဝန်ခံများနှင့်တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနား အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနနှင့်မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်းအမှတ်စဉ် (၄/၂၀၂၄) အခမ်းအနားကို (၃၁-၅-၂၀၂၄)ရက်နေ့၊ မြန်မာစံတော်ချိန်နံနက်(၉:၃၀)နာရီတွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားသို့ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဒေါ်မေနီ၊ ဒု-ညွှန်ကြားရေးမှူးချုပ်ဦးကိုမင်း၊ ဥပဒေအကြံပေးအရာရှိ Daw Yellow Rose၊ တာဝန်ရှိ ဝန်ထမ်းများ၊ မြေပြင်ဆက်သွယ်ရေးတာဝန်ခံများနှင့် မြို့နယ်(၁၇)မြို့နယ်မှ ဥပဒေတာဝန်ခံ(၁၇)ဦးတို့လည်း တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါ်မေနီမှ အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်ဥပဒေရုံးများအနေဖြင့် ယနေ့ပြုလုပ်သောအစည်းအဝေး တွင် မိမိတို့မြို့နယ်များ၏ အခက်အခဲများ၊ လိုအပ်ချက်များအား ပွင့်လင်းစွာဆွေးနွေးပေးကြစေလိုကြောင်း ပြောကြား၍ အစည်းအဝေးအခမ်းအနားကို စတင်ခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ ယခင်(၃/၂၀၂၄)အစည်းအဝေး၏ ရှေ့လုပ်ငန်းစဉ်များဖြစ်သော မြို့နယ်ဥပဒေရုံးများ စာရေးဝန်ထမ်း ခန့်အပ်ရေးကိစ္စနှင့် မြို့နယ် ဥပဒေရုံးများမှ ၂၀၂၃-ခုနှစ်နှင့် ၂၀၂၄-ခုနှစ်အတွင်း လစဉ်အစီရင်ခံစာ၊ အကြံပေးမိတ္တူနှင့် အမှုပြီးပြတ်ချက်များပေးပို့မှု အခြေအနေများကို တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ဒေါ်ရွှေဇင်မှ […]
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ ကျန်းမာရေးနေ့

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ ကျန်းမာရေးနေ့တွင် ကျွန်ုပ်တို့ တရားရေးဝန်ကြီးဌာနမှ ကမ္ဘာတဝှမ်းရှိ အမျိုးသမီးများ၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးတွင် အခန်းကဏ္ဍ အသီးသီးမှ သတ္တိရှိရှိ တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်နေသော အမျိုးသမီးများ၏ ကိုယ်ရောစိတ်ပါ ကျန်းမာသုခနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ ဤနွေဦးတော်လှန်ရေးတွင် ဒီမိုကရေစီနှင့် တရားမျှတမှုများအတွက် တိုက်ပွဲဝင်ရာ၌ အမျိုးသမီးများသည်လည်း မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍတွင် ပါ၀င်နေသည်မှာ သိသာထင်ရှားလျက်ရှိပါသည်။ နွေဦးတော်လှန်ရေးတွင် ကျရာနေရာမှ ပါဝင်လျက်ရှိိသော အမျိုးသမီးများ၏ ကိုယ်ခန္ဓာကျန်းမာရေးနှင့် စိတ်ဓာတ်ကြံ့ခိုင်ရေးတို့သည် ၎င်းတို့အတွက်သာမက ကျွန်ုပ်တို့ ဆင်နွှဲနေသော တရားမျှတမှုတိုက်ပွဲအတွက်လည်း အလွန်အရေးကြီးလှပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံရှိ အမျိုးသမီးများအားလုံး လိုအပ်လျက်ရှိသော ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ ရရှိလာစေရန်အတွက် နွေဦးတော်လှန်ရေးနှင့်အတူ ကျွန်ုပ်တို့တရားရေးဝန်ကြီးဌာနမှ တတ်အားသရွေ့ကြိုးပမ်းလျက်ရှိပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် ပါ၀င်သော အမျိုးသမီးများအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး […]