ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်လပြည့်နေ့အခါသမယတွင် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကိုယ် စိတ် နှလုံး အေးချမ်းကြပါစေကြောင်း တရားရေးဝန်ကြီးဌာနမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ကဆုန်လပြည့်နေ့သည် ဂေါတမမြတ်စွာဘုရားရှင် ဖွားမြင်တော်မူခြင်း၊ ဉာဏ်အလင်းရရှိခြင််း၊ တရားဦးဟောကြားခြင်း နှင့် ပရိနိဗ္ဗာန်စံခြင်း စသည့် ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ်ထားရသော နေ့တစ်နေ့ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာ၏ အဆုံးအမကို အရင်းပြုသော ဖြောင့်မတ်ခြင်းနှင့် ကျင့်ဝတ်များကို လက်ကိုင်ထား၍ တရားမျှတမှု နှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းသွားပါမည်ဟု ကတိပြုအပ်ပါသည်။
