ယနေ့ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့တွင် ကျွန်ုပ်တို့ တရားရေး၀န်ကြီးဌာန (MOJ)အနေဖြင့် တော်လှန်ရေးအပေါ် မယိမ်းမယိုင် အကျိုးပြုခဲ့ကြသော ကြက်ခြေနီလှုပ်ရှားမှုများအား အသိအမှတ်ပြုလျက် အထူးကျေးဇူးတင်ရှိပါသည်။

ယခုလိုအကျပ်အတည်းကာလအတွင်း ကြက်ခြေနီအသင်းသည် ကျွန်ုပ်တို့နိုင်ငံနှင့် နိုင်ငံတဝှမ်းရှိ လိုအပ်နေသူအများစုအတွက် မရှိမဖြစ်လိုအပ်သော အကူအညီများနှင့် အထောက်အပံ့များကို ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ တော်လှန်ရေးကာလအတွင်း အကန့်အသတ်မရှိသည့် ဆင်းရဲဒုက္ခများ ပြေလျော့စေရန်၊ငြိမ်းချမ်းရေး နှင့် စည်းလုံးညီညွတ်မှုတို့ကို မြှင့်တင်ရာတွင် ကြက်ခြေနီအဖွဲ့တို့၏ မမောမပန်း ကြိုးစားအားထုတ်မှုများအား ဂုဏ်ပြုလျက် နိုင်ငံတဝှမ်းလုံးရှိ ကြက်ခြေနီလှုပ်ရှားမှု အသင်းအဖွဲ့များ အားလုံးဘေးကင်းလုံခြုံကျစေရန် ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်