ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့်မြို့နယ်တရားရုံးများမှတရားသူကြီးများနှင့်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး အမှတ်စဉ်(၁၀/၂၀၂၃)
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး(၁၀/၂၀၂၃)ကို(၁၅.၇.၂၀၂၃)ရက်နေ့ မြန်မာစံတော်ချိန် မနက်(၁၀:၀၀)အချိန်တွင် စတင်ကျင်းပခဲ့ပါသည်။
ထိုအစည်းအဝေးသို့ တရားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတန်းအတွင်းဝန်ဦးမင်းနောင်ခိုင်၊ကြားကာလတရားစီရင် ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ဥပဒေအကြံဉာဏ်ပေးရေးနှင့်ဥပဒေများ စီစစ်အကြံပြုရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအားမာန်၊ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မေအောင်သူ၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်တရားရုံး(၂၈)ရုံးမှ မြို့နယ်တရားသူကြီးများ ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးမှ နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားရာတွင်ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သုံးချောင်းထောက်စည်းမျဉ်းဖြင့် လုပ်ဆောင်နေရပြီး တရားစီရင်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး တရားမျှတမှုဆောင်ရွက်သည့်နေရာတွင် ရုံးထိုင်မှုစစ်ဆေးရာတွင် အမှန်တရားကို အများမြင်စေတန်ရာသည်ဟု ဆောင်ပုဒ်နှင့်အညီ ဆုံးဖြတ်နေရခြင်းဖြစ်ကြောင်း၊တရားသူကြီးများအနေဖြင့် ရုံးရှေ့ရောက်လာသူ သက်သေခံချက်များအပေါ်အခြေခံ၍ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း၊ ထိုနည်းအတူ တရားမျှတမှုဆောင်ရွက်ရာတွင်လည်း ဥပဒေရုံးများမှ ဥပဒေတာဝန်ခံများ တာဝန်ယူဆောင်ရွက်မှု အပိုင်းမှာလဲအရေးပါကြောင်း၊ တရားရုံးမှ ပြစ်ဒဏ်ချမှတ်လိုက်သည့်အခါတွင်လည်း အကျဉ်းဦးစီးဌာနအနေဖြင့်ဆောင်ရွက်ရသည့် အခန်းကဏ္ဏမှာလည်း အရေးပါကြောင်း၊ သို့ဖြစ်၍ သုံးချောင်းထောက်ဌာနသုံးခု၏လုပ်ဆောင်ချက်များမှာ အချိုးညီညီဆောင်ရွက်နိုင်မှသာလျှင် ကိစ္စရပ်များ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ MoJ အနေဖြင့် သုံးချောင်းထောက်စနစ်ပြန်လည် အကောင်ထည်ဖော် ဆောင်ရွက်ရာတွင်ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နှင့် နီးနီးကပ်ကပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊တရားရေးဝန်ကြီးဌာန၏ ရှေ့တန်းတွင်တရားစီရင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် တရားသူကြီးများ၊ဥပဒေတာဝန်ခံများ၊ အကျဉ်းဦးစီးဌာနတာဝန်ရှိသူများ တရားမျှတမှုလုပ်ငန်း များဆောင်ရွက်ရာတွင် ကြီးမားသည့်တာဝန်များကို ဆောင်ရွက်နေကြရာ အင်မတန်မှမွန်မြတ်သည့် လုပ်ငန်းများဖြစ်ပြီး လေးစားဖွယ်ရာကောင်းကြောင်း၊ သို့ဖြစ်၍ တရားရေးဌာန၏လုပ်ငန်းတာဝန်များအနေဖြင့် ဖက်ထရယ်စနစ်ကိုသွားပြီးရှေ့ပြေးတာဝန်များဖြစ်ကြောင်း၊ လုပ်ဆောင်ချက်များကို စုစုစည်းစည်း လုပ်ဆောင်နိုင်မှသာလျှင် တရားစီရင်
ရေးလုပ်ငန်းများအောင်မြင်နိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက်တက်ရောက်လာသူများမှ မေးမြန်းမှုများအပေါ် တာဝန်ရှိသူများမှ အသီးသီးပြန်လည်ဖြေကြားခဲ့ပြီး အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လည်(၁း၀၀)နာရီ ချိန်တွင် အောင်မြင်စွာပြီးဆုံးရပ်နားခဲ့ပါသည်။
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Join Our Telegram Channel…. https://t.me/nug_moj