ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့်မြို့နယ်တရားရုံးများမှတရားသူကြီးများ သီးသန့်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာန ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီး ဌာန နှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး(၁/၂၀၂၃) ကို (၂၄.၆.၂၀၂၃)ရက်နေ့ မြန်မာစံတော်ချိန် မနက်(၁၀:၀၀)အချိန်တွင် စတင်ကျင်းပခဲ့ပါသည်။

ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန ကြားကာလတရားစီရင် ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မေအောင်သူ ၊ရုံးအဖွဲ့မှူး ဒေါ်စုမေဉီး ညွှန်ကြားရေးမှူး ဦးကျော်စိုး ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ ၊ မြေပြင်တရားရုံး(၂၈)ရုံးမှမြို့နယ်တရားသူကြီးများ၊ ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ ကြပါသည်။

ကြားကာလတရားစီရင်ရေးဆိုင်ရာဉီးစီးဌာနညွှန်ကြားရေးမှူးချုပ်ဉီးရန်ကြီးအောင်မှ နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြေားကြားပြီး တက်ရောက်လာကြသော မြို့နယ်တရားသူကြီးများက မေးမြန်းဆွေးနွေးမှုများ အားသက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး အစည်းအဝေး အားမြန်မာစံတော်ချိန် နေ့လည်(၁း၀၀)နာရီ ချိန်တွင် ရပ်နားခဲ့ပါသည်။

  ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန
         တရားရေးဝန်ကြီးဌာန
    အမျိုးသားညီညွတ်ရေးအစိုးရ

Join Our Telegram Channel…. https://t.me/nug_moj

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်