ကြားကာလတရားစီရင်ရေးဦးစီးဌာနနှင့် မြို့နယ်တရားသူကြီးများ တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနား
ကြားကာလတရားစီရင်ရေးဦးစီးဌာနမှ အမှုမှတ်ပုံစာရင်းရေးသွင်းခြင်းနှင့် အမှုစာရင်းများ ပြန်လည်စိစစ်ခြင်း အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ( ၄)ရက်နေ့မှ (၇)ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ရာ တစ်ရက်လျှင် မြို့နယ် (၇)မြို့နယ် နှင့် (၄)ရက် အတွင်း (၂၈) မြို့နယ်မှ တရားသူကြီးများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနမှ ရုံးအဖွဲ့မှူးဒေါ်စုမေဦး၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးနှင့် ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် ကြားကာလတရားစီရင်ရေး ဆိုင်ရာဦးစီးဌာန၊ ပြစ်မှုနှင့်တရားမ တရားစီရင်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးမှ အမှုအမျိုးအစား ခွဲခြား သတ်မှတ်ပုံများအား လည်းကောင်း ရုံးအဖွဲ့ဝင် ဒေါ်ရွှေနွယ်ရိုးမှ အမှုမှတ်ပုံစာရင်းရေးသွင်းနည်းများအားလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ ပြီး တက်ရောက်လာသော မြို့နယ်တရားသူကြီးများမှ ၎င်းတို့သိရှိလိုသောအချက်များအား ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးများအား နေ့စဉ် မြန်မာစံတော်ချိန် နံနက် (၁၀)နာရီတွင် စတင်ခဲ့ကြပြီး၊ နေ့လယ် (၁၂:၀၀) နာရီအချိန် တွင် ရပ်နားသည်။
ပြစ်မှုနှင့်တရားမ တရားစီရင်ရေးဌာန
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန
တရားရေးဝန်ကြီးဌာန

