ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၉/၂၀၂၃)ကို (၈-၉-၂၀၂၃) ရက်နေ့ မွန်းလွဲ ( ၁:၀၀)နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ (၂) -တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တော်လှန်ရေးကာလတွင် မိမိတို့အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍ ပိုမိုအားကောင်းစေရန် တရားရေးဝန်ကြီးဌာနအပြင် အခြား ဝန်ကြီးဌာနများအားလုံး ပူးပေါင်းချိတ်ဆက်ကြရန် အရေးကြီးသည့်အတွက် ယခုအခါ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကြားကာလ အကူးအပြောင်းတွင် အခြေခံအုတ်မြစ်ကောင်းများ ချမှတ်နိုင်ရန် အရေးကြီးသဖြင့် အားလုံးက အားစိုက်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းအဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ လတ်တလော တရားစီရင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အခြေအနေများအားတင်ပြဆွေးနွေးမှုပြုခဲ့ကြပြီးနောက် ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တော်လှန်ရေး အရှိန်အဟုန်မြင့်လာပြီဖြစ်သောကြောင့် အရေးပါလှသည့် တရားစီရင်ရေးလုပ်ငန်းများအား ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် ပြီးပြတ်အောင် လုပ်ဆောင်နိုင်မှသာ အများပြည်သူယုံကြည်ကိုးစားမှုရရှိမည်ဖြစ်ကြောင်း၊ အားလုံးပါဝင် ကြိုးစားဆောင်ရွက်သွားကြရန် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား ညနေ (၃:၀၀)နာရီတွင် အောင်မြင်စွာ ရပ်နားခဲ့သည်။
Join Our Telegram Channel…. https://t.me/nug_moj
တရားရေး၀န်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
