ဆယ့်ကိုးဇူလိုင်
မြန်မာ့သမိုင်း
ခပ်ရိုင်းရိုင်း
အစဉ်လာ
ရာဇဝင်အစ
ဘုရင်သတ် ဘုရင်ဖြစ်
စနစ်ဟောင်းလက်ကျန်
အကြံသမားတစ်စု
ရန်ပြုသုတ်သင်
ဒို့ဖခင်ဗိုလ်ချုပ်
လုပ်နေတဲ့အစည်းဝေး
သွေးပင်လယ်ဝေ
ဖြေမဆည်နိုင် မျက်ရည်မိုး
ကိုးဦးအာဇာနည်
ဒီမိုကရေစီအရေး
ရှေးရှု့ကာရည်
အလေးပြုပါသည်
အလေးပြုပါသည်။
ဦးကေတုလေး
#CDM တရားရေးဝန်ထမ်းတစ်ဦး

