အမျိုးသားညီညွတ်ရေးအစိုးရတည်ထောင်ခြင်း (၃) နှစ်ပြည့်တွင် တရားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူသို့ အစီရင်ခံတင်ပြခြင်းမှ ကောက်နုတ်ချက်

တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို

ထိထိရောက်ရောက်လုပ်ကိုင်ဖို့ လွန်ခဲ့တဲ့ ၃နှစ်တာကာလအတွေ့အကြုံကိုအခြေခံပြီးတရားရုံးတွေကို ဆက်လက်တိုးချဲ့ဖွင့်လှစ်သွားပါမယ်။ ဒါ့အပြင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကိုလည်းအမျိုးသားညီညွတ်ရေးအစိုးရ အခြားသောဝန်ကြီးဌာနများနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ ဒီ ၃ နှစ်တာပူးပေါင်းဆောင်ရွက်မှုတွေဟာ “ ပြည်သူမှ ပြည်သူသို့” ဆိုတဲ့အပြန်အလှန်ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်မှုကရတဲ့ အောင်မြင်မှုတွေဖြစ်တဲ့အတွက် ပြည်သူလူကလည်း ဆက်လက်ပြီးတော့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အတူတကွ အောင်ပွဲပန်းတိုင်ဆီကို မျှော်ရည်ဆန္ဒတွေနဲ့ ဆက်လက်ပါဝင်ပေးကြပါ။

ဦးသိန်းဦး

ပြည်ထောင်စုဝန်ကြီး

တရားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်