ယနေ့ကျရောက်သော အစ္စလာမ်ဘာသာဝင် ညီအကို မောင်နှမများ၏ အီဒုလ်ဖိသိရ်၊ ဝါကျွတ် အီးဒ်ပွဲတော်နေ့တွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအနေဖြင့် တရားမျှတမှု၊ ငြိမ်းချမ်းသာယာမှု၊ ခွင့်တူညီမျှမှုရရှိပြီး ခွဲခြားဆက်ဆံခံရခြင်းများမှ ကင်းဝေးသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်နေသည်ကို သိရှိရသည့်အတွက် လွန်စွာ ဝမ်းသာကျေနပ် မိပါသည်။
အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော အီဒုလ်ဖိသိရ် အီးဒ်ပွဲတော်နေ့တွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Join Our Telegram Channel…. https://t.me/nug_moj
