ယနေ့ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ ၊ရှမ်းအမျိုးသားနေ့အား ဂုဏ်ပြုကြိုဆိုရင်း ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ဘေးကင်းလုံခြုံစွာ ရှိကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

၁၉၄၇ ခုနှစ်၊ပင်လုံညီလာခံအတွင်းမှ ပေါ်ပေါက်လာခဲ့‌ပြီး နယ်ချဲ့အင်္ဂလိပ်ကို တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သော စည်းလုံးခြင်း၏ အနှစ်သာရတစ်ခု အနေဖြင့်လည်းတည်ရှိနေသော နေ့ထူးနေ့မြတ်ဖြစ်သည်။

တရားရေးဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက် စစ်အာဏာရှင် တိုက်ဖျက်ရေးတွင် တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်၊တိုင်း အသီးသီးတွင် တရားမျှတမှု၊လွတ်လပ်မှုနှင့် တန်းတူညီမျှမှုတို့လွှမ်းခြုံလျက် ဖက်ဒရယ် ပြည်ထောင်စုသစ်ကြီးဆီသို့ အတူတကွလျှောက်လှမ်းနိုင်ပါစေကြောင်း ထပ်လောင်းမေတ္တာပို့သအပ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်