ဤ Eid al-Adha ၏ မင်္ဂလာအခါသမယတွင် တရားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များအားလုံးကို လှိုက်လှိုက်လှဲလှဲ နှုတ်ခွန်းဆက်သအပ်ပါသည်။

Eid al-Adha သည် အလ္လာဟ်အရှင်မြတ်အား တမန်တော်အီဘရာဟင်မ်၏ မယိမ်းယိုင်သောယုံကြည်မှုနှင့် နာခံမှုကို အထိမ်းအမှတ်ပြုဖော်ညွှန်းသည့်အချိန်ဖြစ်သည်။ ဤထူးခြားသောပွဲသည် အစ္စလာမ်ဘာသာ၀င်များ၏ အနစ်နာခံမှု၊ ကရုဏာနှင့် ရက်ရောမှုတို့ကို မြင်တွေ့ရသော ပွဲတော်တစ်ခုလည်းဖြစ်ပါသည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်‌သော ဤ နွေဦးတော်လှန်ရေးတွင် သာမက ကျွန်ုပ်တို့နိုင်ငံ၏ သမိုင်းအဆက်ဆက် ဒီမိုကရေစီ အရေးလှုပ်ရှားမှုတွင် အစ္စလာမ်ဘာသာဝင်များ၏ တက်တက်ကြွကြွ ပါဝင်မှု၊ ပံ့ပိုးကူညီမှု၊ စွန့်လွှတ်အနစ်နာခံမှုများကို အတိုင်းသား တွေ့မြင်ရပါသည်။

အာဏာရှင် တော်လှန်‌ရေးနှင့် လူ့အခွင့်အရေးအပြည့်အဝရသော ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်ထောင်စုကို တည်ဆောက်ရာတွင် မိမိ တို့ပြည်သူ့ကာကွယ်ရရေးတပ်မတော် PDF တွင် သာမက အခြားသော တော်လှန်ရေးအဖွဲ့အစည်းများတွင် ပါဝင်နေကြသော မွတ်စလင်ရဲဘော်တို့၏ အနစ်နာခံ စွန့်လွှတ်မှုများကိုလည်း လေးစားလျက်ရှိပါသည်။

ဤ Eid နေ့တွင် အားလုံးအတွက် ရွှင်လန်း ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ဆောင်ကြဉ်းပေးပါစေရန် ကျွန်ုပ်တို့တရားရေးဝန်ကြီးဌာနမှ ဆုတောင်းလိုက်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *