အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြို့နယ်တရားသူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ် ၅/၂၀၂၃ အား (၂၈-၁၀-၂၀၂၃)ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ အစည်းအဝေးသို့ ကြားကာလတရား စီရင်ရေးဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ရုံးအဖွဲ့ဝင်များနှင့် (၂၇)မြို့နယ်မှ တရားသူကြီးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရန်ကြီးအောင်မှ ယနေ့တွင် မြေပြင်မြို့နယ်တရားသူကြီးများနှင့် မိမိတို့ဦးစီးဌာနတို့ ထဲထဲဝင်ဝင် တွေ့ဆုံ‌ဆွေးနွေးလာကြသည်မှာ ၅ ကြိမ်ရှိပြီဖြစ်ကြောင်း၊ မြေပြင် တရားသူကြီးများအား မွန်းမံသင်တန်းများပေးရန် ရှိပြီး၊ သင်တန်းဆရာများကို သက်ဆိုင်ရာမိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ သင်တန်းပေးနေကြောင်း၊ ထိုသို့သင်တန်းပေးနေစဉ်မှာပင် သင်တန်းပို့ချရန် သင်ရိုးညွှန်းတမ်း ရေးဆွဲနေကြောင်း၊ ယခုကြားကာလ ဆောင်ရွက်မှုများတွင် မှန်မှန်ကန်ကန်နှင့် အကောင်းမွန်ဆုံး ဆောင်ရွက်စေလိုကြောင်း၊ ထူးခြားဖြစ်စဉ်များရှိလာပါကလည်း အချိန်နှင့်တပြေးညီ တင်ပြပေးစေလိုကြောင်း အဖွင့် အမှာစကားပြောကြား ခဲ့သည်။
ဆက်လက်၍ မြေပြင်တရားသူကြီးများ၏ မေးမြန်းလာသောမေးခွန်းများ၊ အခက်အခဲများအား တာဝန်ရှိသူ အသီးသီးမှ ဖြေကြားခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များနှင့် အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ကာ မြန်မာစံတော်ချိန် မွန်းတည့် (၁၂:၀၀)အချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရပ်နားခဲ့သည်။
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်