ယနေ့ ဩဂုတ်လ ၈ ရက်နေ့သည် ၈၈၈၈ လူထု အရေးတော်ပုံကြီး (၃၅)နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်သည်။

၈၈၈၈ လူထု ‌အရေးတော်ပုံကြီးတွင် မပြီးပြတ်ခဲ့သည့် တာဝန်များ နှင့် မပြည့်မြောက်ခဲ့သည့် ဆန္ဒများ အတွက် ယနေ့အချိန်ထိတိုင် တိုက်ပွဲဝင်နေကြသူများစွာ ရှိနေသည်။ ကျွန်ုပ်တို့သည်လည်း ထိုသူများနှင့် အတူတကွ ရပ်တည်လျက် နိုင်ရာတာဝန် ထမ်းပိုးမြဲ ဖြစ်သည်။ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးအား ကျွန်ုပ်အနေဖြင့် မမီခဲ့ပါ။ သို့သော် ၂၂၂၂၂ အရေးတော်ပုံကြီးကိုတော့ မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရသည်။

ထို့ပြင် သမိုင်းသည် ပျောက်ပျက်ရိုး ထုံးစံမရှိ။ သမိုင်းထဲမှ ရှင်သန်သူများအားလည်း လက်ရှိဘဝတွင် တွေ့မြင်နေရသည်။ အာဏာရှင် အကြမ်းဖက်သမား အဆက်ဆက်သည် တရားမျှတမှုကင်းမဲ့သည့် အကြမ်းဖက်လုပ်ရပ်များကိုသာ လုပ်ဆောင်လိမ့်မည်။ ကိုယ်တိုင်တွေ့ကြုံမှ တော်လှန်ရေးတွင် ပါဝင်မည်ဆိုလျင် များစွာ နောက်ကျသွားပေလိမ့်မည်။

ယခုနွေဦးတော်လှန်ရေးတွင် အောင်နိုင်မည် အထင်ဖြင့် ဘက်ပြောင်းခဲ့သူမရှိ၊ အောင်ကိုအောင်ရမည်ဟူသည့် ဆုံးဖြတ်ချက်ဖြင့် ကြုံးဝါး၍ လုပ်ဆောင်နေသူများသာရှိသည်။ တော်လှန်ရေးသည် သွေးအေးမသွား ပူနွေးလတ်ဆတ်ဆဲ ဖြစ်သည်။

၈၈၈၈လူထု အရေးတော်ပုံကြီးမှ ပုံရိပ်များ ၊အဖြစ်အပျက်များသည်လည်း မှေးမှိန်သွားခြင်းမရှိ ၊ ယနေ့တိုင် လူထု၏ ရင်ထဲ ထင်ကျန်စွဲထင်ပြီး အမှတ်ရနေကြဆဲ ဖြစ်သည်မှာ (၃၅)နှစ်သို့တိုင် ခဲ့ပြီဖြစ်သည်။

Join Our Telegram Channel…. https://t.me/nug_moj

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်