ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့်မြို့နယ်တရားရုံးများမှတရားသူကြီးများ သီးသန့်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)

ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့်မြို့နယ်တရားရုံးများမှတရားသူကြီးများ သီးသန့်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃) အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာန ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီး ဌာန နှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး(၁/၂၀၂၃) ကို (၂၄.၆.၂၀၂၃)ရက်နေ့ မြန်မာစံတော်ချိန် မနက်(၁၀:၀၀)အချိန်တွင် စတင်ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန ကြားကာလတရားစီရင် ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မေအောင်သူ ၊ရုံးအဖွဲ့မှူး ဒေါ်စုမေဉီး ညွှန်ကြားရေးမှူး ဦးကျော်စိုး ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ ၊ မြေပြင်တရားရုံး(၂၈)ရုံးမှမြို့နယ်တရားသူကြီးများ၊ ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ ကြပါသည်။ ကြားကာလတရားစီရင်ရေးဆိုင်ရာဉီးစီးဌာနညွှန်ကြားရေးမှူးချုပ်ဉီးရန်ကြီးအောင်မှ နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြေားကြားပြီး တက်ရောက်လာကြသော မြို့နယ်တရားသူကြီးများက မေးမြန်းဆွေးနွေးမှုများ အားသက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး အစည်းအဝေး အားမြန်မာစံတော်ချိန် နေ့လည်(၁း၀၀)နာရီ ချိန်တွင် ရပ်နားခဲ့ပါသည်။ Join […]

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန(၁၄၈)နှစ်မြောက် ကရင်နီ အမျိုးသားနေ့အား ကြိုဆိုဂုဏ်ပြုသဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန(၁၄၈)နှစ်မြောက် ကရင်နီ အမျိုးသားနေ့အား ကြိုဆိုဂုဏ်ပြုသဝဏ်လွှာ ၁။ ယနေ့ကျရောက်သည့် (၁၄၈)နှစ်မြောက် ကရင်နီအမျိုးသားနေ့ အချိန်အခါသမယတွင် မြန်မာနိုင်ငံအတွင်းနှင့် ကမ္ဘာ့နေရာဒေသအသီးသီးတွင်ရောက်ရှိနေကျသော ပြည်ထောင်စုဖွား ကရင်နီ တစ်မျိုးသားလုံး ဘေးရန်အပေါင်းကင်းဝေးကြပြီး စိတ်သစ်၊ အားအင်သစ်၊ ညီညွတ်သောစုစည်းမှုဖြင့် နိုင်ငံရေးနှင့် တော်လှန်ရေးအမြင်သစ်တို့ကို အခြေပြုလျက် ဖက်ဒရယ် ဒီမိုကရေစီပန်းတိုင်သို့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ၂။ ကရင်နီပြည်နယ်သည် သီးခြားလွတ်လပ်သော ပြည်နယ်အဖြစ် ၁၈၇၅ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့တွင် စတင်အသိအမှတ်ပြုခံခဲ့ရပြီး ထိုနေ့အား ကရင်နီအမျိုးသားနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်မှာ ယခုဆိုလျှင် (၁၄၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့သော သီးခြားလွတ်လပ်၍ ဂုဏ်သိက္ခာ အစဉ်အလာကြီးမားသော ကရင်နီမြေတွင် ရှင်သန်နေထိုင်ခဲ့ကြသည့် ကရင်နီတိုင်းရင်းသားတို့သည်လည်း စစ်အာဏာရှင်စနစ်အား လက်မခံဘဲ ရွပ်ရွပ်ချွံချွံ တွန်းလှန်တိုက်ပွဲဝင်လာခဲ့ကြပြီး ယခုအခါ ကရင်နီတိုင်းရင်းသားတို့၏အိပ်မက်ဖြစ်သော […]

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ် ပြည့်မွေးနေ့ ဆုမွန်ကောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ် ပြည့်မွေးနေ့မင်္ဂလာ ရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်စိတ်နှစ်ပါးကျန်းမာ ချမ်းသာစွာဖြင့် နေထိုင်ရပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။လာမည့် ၇၉ နှစ်ပြည့်မွေးနေ့တွင် ပြည်သူကိုချစ်သော ပြည်သူကချစ်သော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူပြည်သားအပေါင်းတို့နှင့်အတူတကွ မွေးနေ့မင်္ဂလာပွဲပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေကြောင်း ထပ်လောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ သီချင်းစာသား….ပန်းဆက်လမ်းဂီတအဖွဲ့

မြေပြင်တရား သူကြီးများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၉/၂၀၂၃) အောင်မြင်စွာကျင်းပပြီးစီး

ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၉/၂၀၂၃) အောင်မြင်စွာကျင်းပပြီးစီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၉/၂၀၂၃)ကို (၁၀-၆-၂၀၂၃) ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရုံးအဖွဲ့မှူးများ၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုတစ်လ အတောအတွင်း နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်ခဲ့ကြောင်း၊ အဓိကအားဖြင့် စစ်ကိုင်းဖိုရမ် ကျင်းပခဲ့ပြီး အဆိုကိစ္စရပ်သည် နိုင်ငံရေးတိုးတက်မှု တစ်ဖက်ကို သွားနေသည့် […]

၄၉ နှစ်မြောက် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့

၄၉ နှစ်မြောက် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့ ယနေ့ကျရောက်သော ၄၉ နှစ်မြောက် အလုပ်သမားသပိတ်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအောက်ရှိ တရားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို မကြောက်မရွံ့ မယိမ်းမယိုင် တော်လှန်နေကြသောမြန်မာ နိုင်ငံ တစ်ဝန်းလုံးရှိ အရပ်‌ဒေသအသီးသီးမှ အလုပ်သမားများအားလုံးအပေါ် အလေးအနက် ထား၍ လေးစားဂုဏ်ပြုအပ်ပါသည်။ ယနေ့ကျရောက်သော အလုပ်သမားနေ့သည် အလုပ်သမားများ၏ မဆုတ်မနစ်ကြိုးစားမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ ရဲရင့်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ တရားမျှတမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မယိမ်းမယိုင်သောစိတ်ဓာတ်ကို အသိအမှတ်ပြုသည့် အထိမ်းအမှတ်နေ့လည်းဖြစ်ပါသည်။တရားရေးဝန်ကြီးဌာနအနေဖြင့်လည်း အာဏာရှင်စနစ်ကိုတော်လှန်နေကြသည့် နိုင်ငံတဝန်းလုံးတွင်ရှိသော အလုပ်သမားများနှင့်အတူ ရပ်တည်လျက် တရားမျှတမှုနှင့် လွတ်လပ်ခွင့်များအတွက် ကြိုးစားနေကြသည့် အလုပ်သမားတိုင်း ရသင့် ရထိုက်သော လွတ်လပ်မှု၊တန်းတူညီမျှမှုများ နှင့် ဥပဒေအကာအကွယ်များ ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်‌‌ထောင်စုနိုင်ငံတော်နှင့် ဥပဒေကိုလေးစားလိုက်နာသော လူ့အဖွဲ့အစည်းကို ထူထောင်ရာတွင်လည်း အတူတကွ လက်တွဲ၍ ကြိုးစားသွားမည်ဖြစ်ကြောင်း […]

မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန နေ့စွဲ၊ ၇ – ၁ – ၂၀၂၃ မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအခမ်းအနား အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာနမှ မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေး(အမှတ်စဥ် ၁/၂၀၂၃) အခမ်းအနားကို (၇-၁-၂၀၂၃) ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်၊ တွဲဖက်အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်မျိုးထွန်း၊ ညွှန်ကြား ရေးမှူးချုပ် ဦးရန်ကြီးအောင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်လင်းထက်စံ၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးတင်ထွန်းသိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သဥ္ဇာမြ၊ ညွှန်ကြားရေးမှူး များ၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် မြို့နယ် ၂၁ မြို့နယ်မှ ဥပဒေတာဝန်ခံများလည်း တက် ရောက်ခဲ့ကြပါသည်။ […]

ကမ္ဘာ့မိသားစုများနေ့

ကမ္ဘာ့မိသားစုများနေ့ ယနေ့ကျရောက်သော ကမ္ဘာ့မိသားစုများနေ့တွင် ကမ္ဘာအရပ်ရပ်ရှိ မြန်မာနိုင်ငံသားများသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် နွေဦးတော်လှန်ရေးကြီးတွင် ရွံ့ရွံ့ချွံချွံ ကြိုးစားထမ်းရွက်နေကြသည့် တော်လှန်ရေးမောင်မယ်အပေါင်းတို့သည်လည်း မိမိတို့၏ မိသားစုများနှင့် အမြန်ဆုံးပြန်လည်ဆုံဆည်းနိုင်ပါစေကြောင်း တရားရေးဝန်ကြီးဌာနမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။