ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ(သီးသန့်) တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး

အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာန ၂၀၂၃ ခုနှစ်၊ ဇူလိုင် လ ၊(၂၉) ရက် ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ(သီးသန့်) တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃) အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများ(သီးသန့်) တွေ့ဆုံဆွေးနွေးသည့် အစည်း အဝေးအမှတ်စဉ်(၂/၂၀၂၃)ကို (၂၉.၇.၂၀၂၃)ရက်နေ့ မြန်မာစံတော်ချိန် မနက်(၁၀:၀၀)အချိန်တွင် စတင်ကျင်းပခဲ့ပါသည်။ထိုအစည်းအဝေးသို့ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မေအောင်သူ၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေး ဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်တရားရုံး(၂၈)ရုံးမှ မြို့နယ်တရားသူကြီးများ နှင့် ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများအပေါ် တာဝန်ရှိသူများမှ အသီးသီးပြန်လည် ဖြေကြားခဲ့ပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မေအောင်သူမှ တက်ရောက်လာသော တရားသူကြီးများနှင့် ယခုလို အပြန်အလှန်ဆွေးနွေးမှုများရရှိခဲ့၍ လွန်စွာဝမ်းမြောက်ကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေး မေးမြန်းမှုများအတွက် တစုံတရာ အသိပညာ […]

ဆယ့်ကိုးဇူလိုင်

ဆယ့်ကိုးဇူလိုင် မြန်မာ့သမိုင်းခပ်ရိုင်းရိုင်းအစဉ်လာရာဇဝင်အစဘုရင်သတ် ဘုရင်ဖြစ်စနစ်ဟောင်းလက်ကျန်အကြံသမားတစ်စုရန်ပြုသုတ်သင်ဒို့ဖခင်ဗိုလ်ချုပ်လုပ်နေတဲ့အစည်းဝေးသွေးပင်လယ်ဝေဖြေမဆည်နိုင် မျက်ရည်မိုးကိုးဦးအာဇာနည်ဒီမိုကရေစီအရေးရှေးရှု့ကာရည်အလေးပြုပါသည်အလေးပြုပါသည်။

ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့်မြို့နယ်တရားရုံးများမှတရားသူကြီးများနှင့်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး အမှတ်စဉ်(၁၀/၂၀၂၃)

ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့်မြို့နယ်တရားရုံးများမှတရားသူကြီးများနှင့်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး အမှတ်စဉ်(၁၀/၂၀၂၃) အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး(၁၀/၂၀၂၃)ကို(၁၅.၇.၂၀၂၃)ရက်နေ့ မြန်မာစံတော်ချိန် မနက်(၁၀:၀၀)အချိန်တွင် စတင်ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးသို့ တရားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတန်းအတွင်းဝန်ဦးမင်းနောင်ခိုင်၊ကြားကာလတရားစီရင် ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ဥပဒေအကြံဉာဏ်ပေးရေးနှင့်ဥပဒေများ စီစစ်အကြံပြုရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအားမာန်၊ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မေအောင်သူ၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်တရားရုံး(၂၈)ရုံးမှ မြို့နယ်တရားသူကြီးများ ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးမှ နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားရာတွင်ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သုံးချောင်းထောက်စည်းမျဉ်းဖြင့် လုပ်ဆောင်နေရပြီး တရားစီရင်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး တရားမျှတမှုဆောင်ရွက်သည့်နေရာတွင် ရုံးထိုင်မှုစစ်ဆေးရာတွင် အမှန်တရားကို အများမြင်စေတန်ရာသည်ဟု ဆောင်ပုဒ်နှင့်အညီ ဆုံးဖြတ်နေရခြင်းဖြစ်ကြောင်း၊တရားသူကြီးများအနေဖြင့် ရုံးရှေ့ရောက်လာသူ သက်သေခံချက်များအပေါ်အခြေခံ၍ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း၊ ထိုနည်းအတူ တရားမျှတမှုဆောင်ရွက်ရာတွင်လည်း ဥပဒေရုံးများမှ ဥပဒေတာဝန်ခံများ တာဝန်ယူဆောင်ရွက်မှု အပိုင်းမှာလဲအရေးပါကြောင်း၊ တရားရုံးမှ ပြစ်ဒဏ်ချမှတ်လိုက်သည့်အခါတွင်လည်း အကျဉ်းဦးစီးဌာနအနေဖြင့်ဆောင်ရွက်ရသည့် […]

ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး (၆/၂၀၂၃)

ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး (၆/၂၀၂၃) ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး (၆/၂၀၂၃)ကို (၁၄-၇-၂၀၂၃) ရက်နေ့ မွန်းလွဲ( ၁:၀၀)နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ကော်မတီ အတွင်းရေးမှူး၊ တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကြားကာလဒေသ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေသသည့် နယ်မြေများတွင် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးသည် အရေးပါသည့်ကဏ္ဍကို ရောက်ရှိလာပြီဖြစ်ကြောင်း၊ မိမိတို့သည် တရားမရှိ ရက်စက်ကြမ်းကြုတ်သော ရန်သူကို ရင်ဆိုင်နေရသည်မှာ မှန်သော်လည်း ဥပဒေနှင့်အညီ လောကပါလတရားကို အမြဲနှလုံးမူ လက်ကိုင်ထား ကျင့်သုံးကြရမည် ဖြစ်ကြောင်း၊ တော်လှန်ရေးကာလဖြစ်သည့်အတွက် မြေပြင်အဆင့်ဆင့် လက်တွေ့ အကောင်အထည်ဖော်ကြရာတွင် […]

ဥပဒေရုံး ဖွဲ့စည်းတည်ထောင်ထားသည့် မြို့နယ်များရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) များ၊ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး

ဥပဒေရုံး ဖွဲ့စည်းတည်ထောင်ထားသည့် မြို့နယ်များရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) များ၊ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး တရားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Join Our Telegram Channel… https://t.me/nug_moj

ဆဲဗင်းဂျူလိုင် မမေ့နိုင်

ဆဲဗင်းဂျူလိုင် မမေ့နိုင် ဆဲဗင်းဂျူလိုင် စိတ်ဓာတ်ကို ကိုင်ဆွဲပြီး မတရားမှုများအား တွန်းလှန်တိုက်ထုတ်သွားကြပါစို့။ တရားရေး၀န်ကြီးဌာန

မြန်မာအမျိုးသမီးများနေ့

ယနေ့ကျရောက်သော မြန်မာအမျိုးသမီးများနေ့တွင် မြန်မာနိုင်ငံ၏ စစ်အာဏာရှင် ဖြုတ်ချရေး၌ နယ်ပယ်ရပ်အသီးသီးမှ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လျက်ရှိသော ပြည်တွင်းပြည်ပရှိ မြန်မာအမျိုးသမီးတို့အား လေးစား ဂုဏ်ယူအပ်ပါသည်။ တရားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Join Our Telegram Channel… https://t.me/nug_moj

အီးဒ်ပွဲတော် ဆုမွန်ကောင်း

ယနေ့ကျရောက်သော အစ္စလာမ်ဘာသာဝင် ညီအကို မောင်နှမများ၏ အီဒုလ်ဖိသိရ်၊ ဝါကျွတ် အီးဒ်ပွဲတော်နေ့တွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအနေဖြင့် တရားမျှတမှု၊ ငြိမ်းချမ်းသာယာမှု၊ ခွင့်တူညီမျှမှုရရှိပြီး ခွဲခြားဆက်ဆံခံရခြင်းများမှ ကင်းဝေးသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်နေသည်ကို သိရှိရသည့်အတွက် လွန်စွာ ဝမ်းသာကျေနပ် မိပါသည်။ အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော အီဒုလ်ဖိသိရ် အီးဒ်ပွဲတော်နေ့တွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ တရားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Join Our Telegram Channel…. https://t.me/nug_moj

ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးနိုင်ငံတကာနေ့ အထိမ်းအမှတ် နှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေး အစိုးရ ဝန်ကြီးဌာန ၇ ခုမှ ကျင်းပပြုလုပ်မည့် စကားဝိုင်း

နှစ်စဉ်ဇွန်လ (၁၉) ရက်နေ့တွင်ကျရောက်သော ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးနိုင်ငံတကာနေ့ အထိမ်းအမှတ် နှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေး အစိုးရ ဝန်ကြီးဌာန ၇ ခုမှ ကျင်းပပြုလုပ်မည့် စကားဝိုင်း webinar အား အောက်ပါ အစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါ အခမ်းအနား ဆွေးနွေးမှုအား အောက်ဖော်ပြပါ zoom webinar log in link နှင့် PVTV အပါအဝင်DVB, Mizzima, Voice of Spring, People Spring, Delta News Agency, Red Peacock, D day, D lann , khitthit, Radio NUGMedia များမှလည်းစောင့်မျှော်နားဆင်နိုင်ကြောင်း ပြည်သူလူထုကို အသိပေးတင်ပြအပ်ပါတယ်။

‘’အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့”

‘’အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” နိုင်ငံသူ၊ နိုင်ငံသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း တရားရေးဝန်ကြီးဌာနမှ ဦးစွာဆုမွန်ကောင်းတောင်းလိုက်ပါသည်။ ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ဇွန်လ (၂၆) ရက်နေ့ကို ကမ္ဘာ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ချိန်ကစ၍ ကမ္ဘာ့နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ (၃၆)ကြိမ်မြောက် ရှိပြီ ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံတိုင်းတွင် မူးယစ်ဆေးဝါးများကို ဆေးပညာရပ်နှင့် ကျန်းမာရေးလိုအပ်ချက် အရ အသုံးပြုရန်မှ အပ ကျန်အခြေအနေ များတွင် အသုံးပြုခြင်းအား ဥပဒေပြဋ္ဌာန်းကာ တင်းတင်းကြပ်ကြပ် တားမြစ်ထားပါသည်။ မျက်မှောက်ကာလတွင် လူသားများအား လွယ်ကူစွာဖျက်ဆီးလျက်ရှိသည့် ကြောက်မက်ဖွယ်ရာကောင်းသော မူးယစ်ဆေးဝါးအန္တရာယ်ကို ကမ္ဘာ့ပြည်သူများ ထိတ်လန့်စွာ ရင်ဆိုင်ကြုံတွေ့လျက် ရှိပါသည်။ အသစ်အသစ်သော မူးယစ်ဆေးဝါးများအား နည်းလမ်းအမျိုးမျိုးဖြင့် […]