မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာန၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂)ရက် မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအခမ်းအနားအမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန နှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအမှတ်စဥ် (၁၁/၂၀၂၃) အခမ်းအနားကို (၂-၉-၂၀၂၃) ရက်နေ့၊မြန်မာစံတော်ချိန် နံနက် (၁၀) နာရီတွင် ကျင်းပခဲ့ ပါသည်။ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဒေါ်မေအောင်သူ၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းသိန်း၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်မျိုးထွန်း၊ ဥပဒေအကြံဉာဏ်ပေးရေးနှင့်ဥပဒေများစိစစ် အကြံပြုရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအားမာန်၊ ကြားကာလတရားစီရင်ရေးဆိုင်၍ရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်၊ ဒုတိယအမြဲတမ်း အတွင်းဝန်ဒေါ်လင်းထက်စံ၊ အကြံပေးပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးများ၊ ရုံးအဖွဲ့မှူးများ၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်ဆက်သွယ်ရေး တာဝန်ခံများနှင့် မြို့နယ်(၁၉)မြို့နယ်မှ ဥပဒေတာဝန်ခံ(၂၂) ဦးတို့လည်း […]

ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ(သီးသန့်) တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၊(၂) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများ(သီးသန့်) တွေ့ဆုံဆွေးနွေးသည့် အစည်း အဝေးအမှတ်စဉ်(၃/၂၀၂၃)ကို (၂.၈.၂၀၂၃)ရက်နေ့ မြန်မာစံတော်ချိန် မနက်(၁၀:၀၀)အချိန်တွင် စတင်ကျင်းပခဲ့ပါသည်။အခမ်းအနားသို့ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ ကြားကာလတရားစီရင်ရေး ဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ ဆက်သွယ်ရေးတာဝန်ခံများ၊ မြို့နယ်တရားရုံး(၂၅)ရုံးမှ မြို့နယ်တရားသူကြီး ၅၂ ဦး တက်ရောက်ခဲ့ကြသည်။ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနတရားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအခမ်းအနား (၁၀/၂၀၂၃)

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက် မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအခမ်းအနား (၁၀/၂၀၂၃)အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ တရားစွဲနှင့်အမှုလိုက် ဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေး အမှတ်စဥ် (၁၀/၂၀၂၃) အခမ်းအနားကို (၁၉-၈-၂၀၂၃) ရက်နေ့၊မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပခဲ့သည်။ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါ်မေအောင်သူ၊ သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးများ၊ ရုံးအဖွဲ့မှူးများ၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေးတာဝန်ခံများနှင့် မြို့နယ်(၁၈)မြို့နယ်မှ ဥပဒေတာဝန်ခံ(၂၂) ဦးတို့တက်ရောက်ခဲ့ကြသည်။ရှေးဦးစွာ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ “အစည်းအဝေး တက်ရောက်လာသူများအား မင်္ဂလာပါဟု ဦးစွာနှုတ်ခွန်းဆက်သကြောင်း၊ လက်သုံးချောင်း ထောင်ပြီးစခဲ့သော နွေဦး တော်လှန်ရေးသည် […]

ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၃)

ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၃)ကို (၁၈-၈-၂၀၂၃) ရက်နေ့ မွန်းလွဲ ( ၁:၀၀)နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဌ (၁) – ဦးအောင်ကြည်ညွန့်၊ ဒုတိယဥက္ကဋ္ဌ (၂) -တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တရားစီရင်ရေးကဏ္ဍသည် နိုင်ငံတစ်ခု၏မဏ္ဏိုင်တစ်ခုဖြစ်သည်နှင့် အညီ ကျယ်ပြန့်ပြီးလက်ရှိတွင် တရားရေးဝန်ကြီးဌာန၏ တာဝန်ယူ၊တာဝန်ခံမှုသည် ကြီးလေး ကြောင်း၊ တော်လှန်ရေးကာလတွင် မိမိတို့အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍ ပိုမိုအားကောင်းစေရန် တရားရေးဝန်ကြီးဌာနအပြင် အခြား ဝန်ကြီးဌာနများအားလုံး ပူး‌ပေါင်းချိတ်ဆက်ကြရန် အရေးကြီးကြောင်း၊ တော်လှန်ရေးသည်အရှိန် အဟုန်ဖြင့်သွားနေပြီဖြစ်၍ ကဏ္ဍပေါင်းစုံမှဆောင်ရွက်ရန်ရှိသည်များကို မြန်မြန်ဆန်ဆန်ဆောင် ရွက်သွားကြရန်တိုက်တွန်းလိုကြောင်း၊ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ […]

မြို့နယ်တရားရုံးများမှတရားသူကြီး များတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာန၂၀၂၃ ခုနှစ်၊ ဩဂုတ် လ ၊(၁၃) ရက် တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့်မြို့နယ်တရားရုံးများမှတရားသူကြီး များတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၂၃) ထိုအစည်းအဝေးသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်း အတွင်းဝန် ဒေါ်မေအောင်သူ၊ ဒုတိယအတွင်းဝန် ဦးမင်းနောင်ခိုင်နှင့် ဒေါ်လင်းထက်စံ၊တရားဥပဒေစိုးမိုးရေးနှင့်အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းသိန်း၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်မျိုးထွန်း၊ ဉပဒေအကြံဉာဏ်ပေးရေးနှင့်ဉပဒေများ စိစစ်အကြံပြုရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအားမာန်၊ ညွှန်ကြားရေးမှူးများ၊ ရုံးအဖွဲ့မှူးများ၊ တရားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်များ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်တရားရုံးများမှ တရားသူကြီးများ ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးမှ နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြား ရာတွင် တရားရေးဝန်ကြီးဌာနသည် တရားစီရင်ရေးအတွက် တရားရုံး တရားသူကြီးများ၊ ဥပဒေ […]

(၃၅)နှစ် ပြည့် ၈၈၈၈ လူထု အရေးတော်ပုံ

ယနေ့ ဩဂုတ်လ ၈ ရက်နေ့သည် ၈၈၈၈ လူထု အရေးတော်ပုံကြီး (၃၅)နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်သည်။ ၈၈၈၈ လူထု ‌အရေးတော်ပုံကြီးတွင် မပြီးပြတ်ခဲ့သည့် တာဝန်များ နှင့် မပြည့်မြောက်ခဲ့သည့် ဆန္ဒများ အတွက် ယနေ့အချိန်ထိတိုင် တိုက်ပွဲဝင်နေကြသူများစွာ ရှိနေသည်။ ကျွန်ုပ်တို့သည်လည်း ထိုသူများနှင့် အတူတကွ ရပ်တည်လျက် နိုင်ရာတာဝန် ထမ်းပိုးမြဲ ဖြစ်သည်။ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးအား ကျွန်ုပ်အနေဖြင့် မမီခဲ့ပါ။ သို့သော် ၂၂၂၂၂ အရေးတော်ပုံကြီးကိုတော့ မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရသည်။ ထို့ပြင် သမိုင်းသည် ပျောက်ပျက်ရိုး ထုံးစံမရှိ။ သမိုင်းထဲမှ ရှင်သန်သူများအားလည်း လက်ရှိဘဝတွင် တွေ့မြင်နေရသည်။ အာဏာရှင် အကြမ်းဖက်သမား အဆက်ဆက်သည် တရားမျှတမှုကင်းမဲ့သည့် အကြမ်းဖက်လုပ်ရပ်များကိုသာ လုပ်ဆောင်လိမ့်မည်။ ကိုယ်တိုင်တွေ့ကြုံမှ တော်လှန်ရေးတွင် […]

ဒုတိယဝါဆိုလပြည့်နေ့ ဆုမွန်ကောင်း

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သော ဓမ္မစကြာအခါတော်နေ့၌ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများအားလုံး ဘေးဘယာများကင်းဝေးပြီး စစ်မှန်သောတရားဓမ္မဘက်မှ အမြန်ဆုံး အောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ တရားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်အသီးသီးမှ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန် ကြေညာချက်

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်အသီးသီးမှ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန် ကြေညာချက်

ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး (၇/၂၀၂၃)

ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး (၇/၂၀၂၃)ကို (၂၉-၇-၂၀၂၃) ရက်နေ့ ( ၁၁:၀၀)နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ကော်မတီ အတွင်းရေးမှူး၊ တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကာလသည် ဥပဒေများလုပ်ထုံးလုပ်နည်းများအတိုင်း သတိကြီးစွာထားပြီး လုပ်ကိုင်ဆောင်ရွက်ရသည့်အပြင် တော်လှန်ရေးကာလဖြစ်သည့်အတွက် တရားရေးဝန်ကြီးဌာန၏ တရားစီရင်ရေးမဏ္ဍိုင်ကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရာတွင် အခက်အခဲများ များစွာ ရှိမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာအရေးကြီးကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက တော်လှန်ရေးရှေ့တစ်လှမ်းတိုးရန် လိုအပ်ကြောင်း၊ […]