အနိုင် မခံ

အနိုင် မခံငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ညွတ်ကား မညွတ်။ (ညိုမြ)

စက်တင်ဘာလအတွင်းစစ်ကောင်စီ၏ ကျူးလွန်မှုများအား စစ်တမ်းကောက်ယူထားမှု

အမျိုးသားညီညွတ်ရေးအစိုးရတရားရေး၀န်ကြီးဌာနတရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာန၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၅ရက်တရားရေး၀န်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနသည် စစ်အာဏာသိမ်းမှုဖြစ်စဥ်ကာလအတွင်း စစ်အာဏာရှင်များမှ ကျူးလွန်နေသည့်စစ်ရာဇ၀တ်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုများ၊လူမျိုးတုန်းသတ်ဖြတ်မှုများ၊အများပြည်သူ၏အိုးအိမ်အဆောက်အဦးမီးရှို့ဖျက်ဆီးမှုများ၊ဥပဒေမဲ့အများပြည်သူတို့၏ပစ္စည်းများအားလုယူသိမ်းယူမှုများ အပါအ၀င် ပြည်သူအချင်းချင်းဥပဒေမဲ့ညှင်းပန်းနိပ်စက်အနိုင်ကျင့်မှုများ အရပ်ရပ်သောဥပဒေမဲ့ချိုးဖောက်ကျူးလွန်မှုများစသည်တို့ကိုစာရင်းကောက်ယူမှတ်တမ်းများထားရှိပြုစုနေပါသည်။ဥပဒေမဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအပေါ်အမှန်တရားရှာဖွေဖော်ထုတ်ခြင်း၊တရားမျှတမှုရရှိအောင်ဆောင်ရွက်ခြင်း၊ပြန်လည်ကုစားပေးလျော်ခြင်းနှင့်အရပ်ရပ်သောဥပဒေမဲ့လုပ်ရပ်များဖြစ်ရပ်ဆိုးများထပ်မံမဖြစ်ပွားစေခြင်းတို့အတွက်အဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲခြင်းစသည့်လုပ်ငန်းစဥ်များကိုလည်း စီမံဆောင်ရွက်လျှက်ရှိနေပါသည်။ပြည်သူများအနေဖြင့်လည်းကောင်း၊ တော်လှန်ရေးအစုအဖွဲ့များအနေဖြင့်လည်းကောင်း၊ အ ဖွဲ့အစည်းများအနေဖြင့်လည်းကောင်း အာဏာသိမ်းမှုဖြစ်နေစဥ်ကာလအတွင်း မည်သူမဆို ဥပဒေမဲ့ ပြစ်မှုကျူးလွန်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုများစသည့်ပြစ်မှုများကို ကျူးလွန်ခံရသူမှဖြစ်စေ ကျူးလွန်သည်ကိုတွေ့ ရှိကြားသိသူကဖြစ်စေ အဆိုပါ သတင်းအချက်အလက်မှတ်တမ်းများကို -Emailaddressroltjd@moj.nugmyanmar.org,Signal,Telegram,Viber:+66809411647 သို့သတင်းပေးပို့ကြပါရန်နှင့်ပူးပေါင်းပါ၀င်ပေးကြပါရန်အများပြည်သူတို့အားမေတ္တာရပ်ခံဖိတ်ခေါ်အပ်ပါသည်။သတင်းအချက်အလက်များပေးပို့သည့်သူ၏အချက်အလက်များလုံခြုံမှုကိုအလေးထားထိမ်းသိမ်းပါမည်။၂၀၂၃ခုနှစ်၊စက်တင်ဘာလအတွင်းအကြမ်းဖက်စစ်ကောင်စီမှပြည်သူများအပေါ်ကျူးလွန်သည့်အမျိုးမျိုးသောရာဇ၀တ်မှုများ၊တော်လှန်ရေးအင်အားစုများမှပြည်သူများအပေါ် ဥပဒေမဲ့ကျူးလွန်ခဲ့သည့်ပြစ်မှုများ အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်ကြောင့် ပြည်သူများထိခိုက်နစ်နာသေဆုံးခဲ့ရမှုများနှင့် မီးလောင်ပျက်စီး ဆုံးရှုံသွားခဲ့သည့် အိုးအိမ်အဆောက်အဦးများ စသည့်စာရင်းများကို အများပြည်သူတို့ သိရှိနိုင်ရန်နှင့် တရားစွဲဆိုအရေးယူအပြစ်ပေးမှုများပြုလုပ်နိုင်ရန် မှတ်တမ်းကောက်ယူစုဆောင်းထားရှိမှုကို ဇယားနှင့်တကွ အများပြည်သူတို့ထံ တင်ပြအစီရင်ခံအပ်ပါ သည်။

မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအမှတ်စဥ် (၁၂/၂၀၂၃)

မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအမှတ်စဥ် (၁၂/၂၀၂၃) အခမ်းအနားကို (၁၆-၉-၂၀၂၃) ရက်နေ့၊မြန်မာစံတော်ချိန် နံနက် (၁၀) နာရီတွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန်ဒေါ်မေအောင်သူနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် တရားရေးဝန်ကြီးဌာနသည် တရားရုံးများ၊ ဥပဒေရုံးများနှင့် အကျဉ်းဦးစီး ဌာနဟူသော ဌာန(၃)ခုပေါင်းစပ်ထားသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း၊ သုံးချောင်း ထောက် တရားစီရင်ရေးစနစ်တွင် တရားရုံးများ၌တရားသူကြီးက အမှုစီရင်ဆုံးဖြတ်သော် လည်း တရားရုံးမရောက်မီအမှုတွဲများကို ခိုင်ခိုင်မာမာနှင့် အခြေခံကျကျတည်ဆောက် နိုင်ရေး မှာ ဥပဒေတာဝန်ခံများ၏ အခန်းကဏ္ဍဖြစ်သောကြောင့် အလွန်အရေးကြီးကြောင်း၊ သုံးချောင်း ထောက် စနစ်အားနည်းလျှင် တရားစီရင်ရေးစနစ်လည်း အားနည်းသွားမည်ဖြစ်ကြောင်း၊ မြို့နယ်များတွင် တရားဥပဒေစိုးမိုးရေးကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တရား ဥပဒေစိုးမိုးရေးကော်မတီများ […]

နိုင်ငံတကာ ဒီမိုကရေစီနေ့

ယနေ့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့သည် နိုင်ငံတကာ ဒီမိုကရေစီနေ့ ဖြစ်ပါသည်။ ပြည်သူလူထု၏ အဆုံးအဖြတ်ကို ခံယူသော ကျွန်ုပ်တို့သည် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ ကျွန်ုပ်တို့အနေဖြင့် အာဏာရှင်စနစ်၏ ပြယုဂ်ဖြစ်သော လက်နက်အားကိုးခြင်း၊ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုခြင်း၊ အဂတိလိုက်စား ခြင်းတို့ကို ရွံရှာမုန်းတီးပါသည်။ ကျယ်ပြန့်သော ဗဟုသုတ၊ မြင့်မားသော ပညာရေးတို့ဖြင့် ထုံမွှမ်းသော ဒီမိုကရေစီလမ်းစဉ်အတိုင်း ကျင့်ကြံအားထုတ်သွားမည် ဖြစ်ကြောင်း နိုင်ငံတကာ ဒီမိုကရေစီနေ့ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။တရားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Today, September 15 of 2023, is the international democracy day. We , the acceptors of the decision of the […]

တရားရေးဝန်ကြီးဌာနနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး(၁၂/၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး(၁၂/၂၀၂၃)ကို (၉.၉.၂၀၂၃)ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၁၀:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါသည်။အစည်းအဝေးသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါ်မေအောင်သူနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးမှ နှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြား ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုကာလအတွင်း အဓိကအချက် ဖြစ်သည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းရန်ဆောင်ရွက် နေပါကြောင်း၊ ဖွဲ့စည်းရသည့် အကြောင်းရင်းမှာ တစ်ဖက်မှရန်သူ၏ တိုက်ခိုက်နေမှုများရှိသလို မိမိတို့ဘက်တွင်လည်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များ၏ အချို့သော လုပ်ဆောင်မှုများတွင် တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေသည့် အနေအထားများရှိနေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ အချက်သည် တော်လှန်ရေးကာလ ဖြစ်သည့်အလျောက် မိမိတို့နိုင်ငံတွင်သာမကပဲ တစ်ကမ္ဘာလုံး တွင် တော်လှန်ရေး လုပ်ဆောင်ရာ၌ ဖြစ်လေ့ဖြစ်ထရှိသည့် အချက်များဖြစ်ကြောင်း၊ တော်လှန်ရေး […]

ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၉/၂၀၂၃)

ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၉/၂၀၂၃)ကို (၈-၉-၂၀၂၃) ရက်နေ့ မွန်းလွဲ ( ၁:၀၀)နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ (၂) -တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တော်လှန်ရေးကာလတွင် မိမိတို့အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍ ပိုမိုအားကောင်းစေရန် တရားရေးဝန်ကြီးဌာနအပြင် အခြား ဝန်ကြီးဌာနများအားလုံး ပူး‌ပေါင်းချိတ်ဆက်ကြရန် အရေးကြီးသည့်အတွက် ယခုအခါ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကြားကာလ အကူးအပြောင်းတွင် အခြေခံအုတ်မြစ်ကောင်းများ ချမှတ်နိုင်ရန် အရေးကြီးသဖြင့် အားလုံးက အားစိုက်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းအဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ လတ်တလော တရားစီရင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အခြေအနေများအားတင်ပြဆွေးနွေးမှုပြုခဲ့ကြပြီးနောက် ကော်မတီဥက္ကဋ္ဌ- […]

ကြားကာလတရားစီရင်ရေးဦးစီးဌာနနှင့် မြို့နယ်တရားသူကြီးများ တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနား

ကြားကာလတရားစီရင်ရေးဦးစီးဌာနနှင့် မြို့နယ်တရားသူကြီးများ တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနား ကြားကာလတရားစီရင်ရေးဦးစီးဌာနမှ အမှုမှတ်ပုံစာရင်းရေးသွင်းခြင်းနှင့် အမှုစာရင်းများ ပြန်လည်စိစစ်ခြင်း အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ( ၄)ရက်နေ့မှ (၇)ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ရာ တစ်ရက်လျှင် မြို့နယ် (၇)မြို့နယ် နှင့် (၄)ရက် အတွင်း (၂၈) မြို့နယ်မှ တရားသူကြီးများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနမှ ရုံးအဖွဲ့မှူးဒေါ်စုမေဦး၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးနှင့် ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။အဆိုပါအစည်းအဝေးတွင် ကြားကာလတရားစီရင်ရေး ဆိုင်ရာဦးစီးဌာန၊ ပြစ်မှုနှင့်တရားမ တရားစီရင်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးမှ အမှုအမျိုးအစား ခွဲခြား သတ်မှတ်ပုံများအား လည်းကောင်း ရုံးအဖွဲ့ဝင် ဒေါ်ရွှေနွယ်ရိုးမှ အမှုမှတ်ပုံစာရင်းရေးသွင်းနည်းများအားလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ ပြီး တက်ရောက်လာသော မြို့နယ်တရားသူကြီးများမှ ၎င်းတို့သိရှိလိုသောအချက်များအား ပြန်လည်ဆွေးနွေးခဲ့ကြသည်။အစည်းအဝေးများအား နေ့စဉ် မြန်မာစံတော်ချိန် နံနက် […]

မှတ်တမ်းကောက်ယူစုဆောင်းထားရှိမှုဇယား

အမျိုးသားညီညွတ်ရေးအစိုးရတရားရေး၀န်ကြီးဌာနတရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာန၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၊ ၅ ရက် တရားရေး၀န်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနသည် စစ်အာဏာသိမ်းမှုဖြစ်စဥ်ကာလအတွင်း စစ်အာဏာရှင်များမှ ကျူးလွန်နေသည့်စစ်ရာဇ၀တ်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုများ၊လူမျိုးတုန်းသတ်ဖြတ်မှုများ၊အများပြည်သူ၏အိုးအိမ်အဆောက်အဦးမီးရှို့ဖျက်ဆီးမှုများ၊ဥပဒေမဲ့အများပြည်သူတို့၏ပစ္စည်းများအားလုယူသိမ်းယူမှုများ အပါအ၀င် ပြည်သူအချင်းချင်းဥပဒေမဲ့ညှင်းပန်းနှိပ်စက်အနိုင်ကျင့်မှုများ အရပ်ရပ်သောဥပဒေမဲ့ချိုးဖောက်ကျူးလွန်မှုများစသည်တို့ကိုစာရင်းကောက်ယူမှတ်တမ်းများထားရှိပြုစုနေပါသည်။ဥပဒေမဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအပေါ်အမှန်တရားရှာဖွေဖော်ထုတ်ခြင်း၊တရားမျှတမှုရရှိအောင်ဆောင်ရွက်ခြင်း၊ပြန်လည်ကုစားပေးလျော်ခြင်းနှင့်အရပ်ရပ်သောဥပဒေမဲ့လုပ်ရပ်များဖြစ်ရပ်ဆိုးများထပ်မံမဖြစ်ပွားစေခြင်းတို့အတွက်အဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲခြင်းစသည့်လုပ်ငန်းစဥ်များကိုလည်း စီမံဆောင်ရွက်လျှက်ရှိနေပါသည်။ ပြည်သူများအနေဖြင့်လည်းကောင်း၊ တော်လှန်ရေးအစုအဖွဲ့များအနေဖြင့်လည်းကောင်း၊ အ ဖွဲ့အစည်းများအနေဖြင့်လည်းကောင်း အာဏာသိမ်းမှုဖြစ်နေစဥ်ကာလအတွင်း မည်သူမဆို ဥပဒေမဲ့ ပြစ်မှုကျူးလွန်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုများစသည့်ပြစ်မှုများကို ကျူးလွန်ခံရသူမှဖြစ်စေ ကျူးလွန်သည်ကိုတွေ့ ရှိကြားသိသူကဖြစ်စေ အဆိုပါ သတင်းအချက်အလက်မှတ်တမ်းများကို -Emailaddress: roltjd@moj.nugmyanmar.org, Telegram,Viber,Signal: +66809411647 သို့သတင်းပေးပို့ကြပါရန်နှင့်ပူးပေါင်းပါ၀င်ပေးကြပါရန်အများပြည်သူတို့အားမေတ္တာရပ်ခံဖိတ်ခေါ်အပ်ပါသည်။သတင်းအချက်အလက်များပေးပို့သည့်သူ၏အချက်အလက်များလုံခြုံမှုကိုအလေးထားထိန်းသိမ်းပါမည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်းအကြမ်းဖက်စစ်ကောင်စီမှပြည်သူများအပေါ်ကျူးလွန်သည့်အမျိုးမျိုးသောရာဇ၀တ်မှုများ၊တော်လှန်ရေးအင်အားစုများမှပြည်သူများအပေါ် ဥပဒေမဲ့ကျူးလွန်ခဲ့သည့် ပြစ်မှုများ အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်ကြောင့် ပြည်သူများထိခိုက်နစ်နာသေဆုံးခဲ့ရမှုများနှင့် မီးလောင်ပျက်စီး ဆုံးရှုံးသွားခဲ့သည့် အိုးအိမ်အဆောက်အဦးများ စသည့်စာရင်းများကို အများပြည်သူတို့ သိရှိနိုင်ရန်နှင့် တရားစွဲဆိုအရေးယူအပြစ်ပေးမှုများပြုလုပ်နိုင်ရန် မှတ်တမ်းကောက်ယူစုဆောင်းထားရှိမှုကို ဇယားနှင့်တကွ အများပြည်သူတို့ထံ တင်ပြအစီရင်ခံအပ်ပါသည်။ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာနတရားရေးဝန်ကြီးဌာန