၂၀၂၄ ခုနှစ်အတွက် ပြည်ထောင်စုဝန်ကြီး၏ နှစ်သစ်ကူး သဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ နှစ်သစ်ကူး သဝဏ်လွှာ ၂၀၂၄ ခုနှစ်၏ နှစ်သစ်အခါသမယနေ့တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် ကမ္ဘာအရပ်ရပ် တွင် ရောက်ရှိနေကြသော နွေဦးတော်လှန်ရေး မိသားစုများအားလုံးနှင့် အတူတကွ တရားရေး ဝန်ကြီးဌာနရှိ သက်ဆိုင်ရာ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများ၊ ဥပဒေတာဝန်ခံများ၊ သက်ဆိုင်ရာ ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများ၊ အကြံပေးပုဂ္ဂိုလ်များနှင့် တော်လှန်ရေး ရဲဘော်ရဲဘက် နိုင်ငံ့ဝန်ထမ်းများအားလုံး နှစ်သစ်တွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း တရားရေးဝန်ကြီးဌာန ကိုယ်စား ဆုမွန်ကောင်းတောင်းအပ်ပါသည်။ တရားရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း တရားဥပ‌ဒေစိုးမိုးရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ၊ စွန့်လွှတ်ပေးဆပ်သွားခဲ့ကြသူများနှင့် လက်တွဲဆောင်ရွက်လျက်ရှိကြသော တော်လှန်ရေးရဲဘော်ရဲဘက်များအားလုံးကို အထူးအလေးထား အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ […]

တရားရေးဝန်ကြီးဌာနနှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၁၅/၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၁၅/၂၀၂၃)ကို (၃၀-၁၂-၂၀၂၃) ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၁၀:၀၀)အချိန်တွင် စတင်ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးသို့တရားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဉီးသိန်းဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ တရားရေးဝန်ကြီးဌာန၏ဌာနအသီးသီးမှညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊ အကြံပေးပုဂ္ဂိုလ်များ၊ ကြားကာလတရားစီရင်ရေး ဆိုင်ရာဦးစီးဌာနမှ ရုံးအဖွဲ့နှင့်တာဝန်ရှိ ဝန်ထမ်းများ၊ ဆက်သွယ်ရေးတာဝန်ခံများနှင့် မြေပြင် တရားရုံး(၂၈)ရုံးမှ တရားသူကြီးများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာပြည်ထောင်စုဝန်ကြီးဉီးသိန်းဦးမှအဖွင့်အမှာစကားပြောကြားရာတွင် ယခုအခါ နှစ်ကုန်ပိုင်းသို့ရောက်လာပြီး တော်လှန်ရေးမှာလည်း ၃ နှစ် ပြည့်ကာနီးပြီ ဖြစ်ကြောင်း၊ လက်သုံးချောင်း ထောင်ကာစတင်ခဲ့သည့် နွေဦးတော်လှန်ရေးသည် အတော်လေး တိုးတက်သည့် ပြောင်းလဲမှုအကြီးကြီးကိုတွေ့နေရပြီဖြစ်သဖြင့် အားလုံးအတွက် ဂုဏ်ယူ အားတက်စရာပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးတွင် ပေးဆပ်နေကြသော တော်လှန်ရေးရဲဘော်ရဲဘက်များသည် ဂုဏ်ယူထိုက်သည့် ပုဂ္ဂိုလ်များဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်များနှင့် လက်တွဲလုပ်ဆောင်ရသည့်အတွက်လည်း ဂုဏ်ယူပါကြောင်း၊ တော်လှန်ရေး၏ တိုးတက်မှုကို ကြည့်ရမည်ဆိုပါက စစ်ကိုင်းတိုင်းတွင် မြို့သိမ်းတိုက်ပွဲများ […]

၂၀၂၃ခုနှစ်၊အောက်တိုဘာလအတွင်းအကြမ်းဖက်စစ်ကောင်စီမှပြည်သူများအပေါ်ကျူးလွန်သည့်အမျိုးမျိုးသောရာဇ၀တ်မှုများ

၂၀၂၃ခုနှစ်၊ နို၀င်ဘာလ၊ ၅ရက်တရားရေး၀န်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနသည် စစ်အာဏာသိမ်းမှုဖြစ်စဥ်ကာလအတွင်း စစ်အာဏာရှင်များမှ ကျူးလွန်နေသည့်စစ်ရာဇ၀တ်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုများ၊လူမျိုးတုန်းသတ်ဖြတ်မှုများ၊အများပြည်သူ၏အိုးအိမ်အဆောက်အဦးမီးရှို့ဖျက်ဆီးမှုများ၊ဥပဒေမဲ့အများပြည်သူတို့၏ပစ္စည်းများအားလုယူသိမ်းယူမှုများ အပါအ၀င် ပြည်သူအချင်းချင်းဥပဒေမဲ့ညှင်းပန်းနိပ်စက်အနိုင်ကျင့်မှုများ အရပ်ရပ်သောဥပဒေမဲ့ချိုးဖောက်ကျူးလွန်မှုများစသည်တို့ကိုစာရင်းကောက်ယူမှတ်တမ်းများထားရှိပြုစုနေပါသည်။ဥပဒေမဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအပေါ်အမှန်တရားရှာဖွေဖော်ထုတ်ခြင်း၊တရားမျှတမှုရရှိအောင်ဆောင်ရွက်ခြင်း၊ပြန်လည်ကုစားပေးလျော်ခြင်းနှင့်အရပ်ရပ်သောဥပဒေမဲ့လုပ်ရပ်များဖြစ်ရပ်ဆိုးများထပ်မံမဖြစ်ပွားစေခြင်းတို့အတွက်အဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲခြင်းစသည့်လုပ်ငန်းစဥ်များကိုလည်း စီမံဆောင်ရွက်လျှက်ရှိနေပါသည်။ပြည်သူများအနေဖြင့်လည်းကောင်း၊ တော်လှန်ရေးအစုအဖွဲ့များအနေဖြင့်လည်းကောင်း၊ အ ဖွဲ့အစည်းများအနေဖြင့်လည်းကောင်း အာဏာသိမ်းမှုဖြစ်နေစဥ်ကာလအတွင်း မည်သူမဆို ဥပဒေမဲ့ ပြစ်မှုကျူးလွန်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုများစသည့်ပြစ်မှုများကို ကျူးလွန်ခံရသူမှဖြစ်စေ ကျူးလွန်သည်ကိုတွေ့ ရှိကြားသိသူကဖြစ်စေ အဆိုပါ သတင်းအချက်အလက်မှတ်တမ်းများကို -Emailaddressroltjd@moj.nugmyanmar.org,Signal,Telegram,Viber:+66809411647 သို့သတင်းပေးပို့ကြပါရန်နှင့်ပူးပေါင်းပါ၀င်ပေးကြပါရန်အများပြည်သူတို့အားမေတ္တာရပ်ခံဖိတ်ခေါ်အပ်ပါသည်။သတင်းအချက်အလက်များပေးပို့သူ၏အချက်အလက်များလုံခြုံမှုကိုအလေးထားထိန်းသိမ်းပါမည်။၂၀၂၃ခုနှစ်၊အောက်တိုဘာလအတွင်းအကြမ်းဖက်စစ်ကောင်စီမှပြည်သူများအပေါ်ကျူးလွန်သည့်အမျိုးမျိုးသောရာဇ၀တ်မှုများ၊တော်လှန်ရေးအင်အားစုများမှပြည်သူများအပေါ်ဥပဒေမဲ့ကျူးလွန်ခဲ့သည့်ပြစ်မှုများအကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်ကြောင့်ပြည်သူများထိခိုက်နစ်နာသေဆုံးခဲ့ရမှုများနှင့် မီးလောင်ပျက်စီး ဆုံးရှုံသွားခဲ့သည့် အိုးအိမ်အဆောက်အဦးများ စသည့်စာရင်းများကို အများပြည်သူတို့ သိရှိနိုင်ရန်နှင့် တရားစွဲဆိုအရေးယူအပြစ်ပေးမှုများပြုလုပ်နိုင်ရန် မှတ်တမ်းကောက်ယူစုဆောင်းထားရှိမှုကို ဇယားနှင့်တကွ အများပြည်သူတို့ထံ တင်ပြအစီရင်ခံအပ်ပါ သည်။ MoJ Ministry of Justice တရားရေး၀န်ကြီးဌာန

တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၁၄/၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၁၄/၂၀၂၃)ကို (၁၁-၁၁-၂၀၂၃) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရုံးအဖွဲ့မှူးများ၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလ တရားစီရင်ရေး ဆိုင်ရာ ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် အစည်းအဝေးဖြစ်မြောက်အောင် ဆောင်ရွက်ပေးသည့် တာဝန်ရှိသူများ၊ မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံသည့်အစည်းအဝေးအား တက်ရောက်လာသော မြေပြင်မှ တရားသူကြီးများ၊ တရားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခုကာလ အတောအတွင်းတွင် တော်လှန်ရေးရေချိန်မှာ တဆစ်ချိုး ရောက်ရှိလာပြီဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေး၏ […]

ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၃)

ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၃)ကို (၁-၁၁-၂၀၂၃) ရက်နေ့ ညနေ ( ၃:၀၀)နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ (၁) – CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ဒုတိယဥက္ကဋ္ဌ (၂) -တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဥပဒေပညာရှင်များနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမျိုးသားညီညွတ်ရေးအစိုးရ၏ ခိုင်မာအားကောင်းသော တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး ကဏ္ဍတစ်ခုဖြစ်လာစေရန် ကြားကာလပြည်သူ့တရားစီရင်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့သည် စစ်ရေးအောင်ပွဲများပိုမိုရရှိလာသဖြင့် ထိန်းချုပ်နယ်မြေများလည်း ကျယ်ပြန့်လာခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ အုပ်ချုပ်ရေး စွမ်းဆောင်ရည်နှင့် တရားဥပဒေစိုးမိုးရေး ဖော်ဆောင်နိုင်မှုစွမ်းဆောင်ရည်ကို ပြည်သူနှင့်နိုင်ငံတကာက အကဲဖြတ်နေကြချိန်ဖြစ်ကြောင်း၊ မိမိတို့သည် […]

ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြို့နယ်တရားသူကြီးများ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြို့နယ်တရားသူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ် ၅/၂၀၂၃ အား (၂၈-၁၀-၂၀၂၃)ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ အစည်းအဝေးသို့ ကြားကာလတရား စီရင်ရေးဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ရုံးအဖွဲ့ဝင်များနှင့် (၂၇)မြို့နယ်မှ တရားသူကြီးများ တက်ရောက်ခဲ့ကြသည်။အစည်းအဝေးတွင် ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရန်ကြီးအောင်မှ ယနေ့တွင် မြေပြင်မြို့နယ်တရားသူကြီးများနှင့် မိမိတို့ဦးစီးဌာနတို့ ထဲထဲဝင်ဝင် တွေ့ဆုံ‌ဆွေးနွေးလာကြသည်မှာ ၅ ကြိမ်ရှိပြီဖြစ်ကြောင်း၊ မြေပြင် တရားသူကြီးများအား မွန်းမံသင်တန်းများပေးရန် ရှိပြီး၊ သင်တန်းဆရာများကို သက်ဆိုင်ရာမိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ သင်တန်းပေးနေကြောင်း၊ ထိုသို့သင်တန်းပေးနေစဉ်မှာပင် သင်တန်းပို့ချရန် သင်ရိုးညွှန်းတမ်း ရေးဆွဲနေကြောင်း၊ ယခုကြားကာလ ဆောင်ရွက်မှုများတွင် မှန်မှန်ကန်ကန်နှင့် အကောင်းမွန်ဆုံး ဆောင်ရွက်စေလိုကြောင်း၊ ထူးခြားဖြစ်စဉ်များရှိလာပါကလည်း အချိန်နှင့်တပြေးညီ တင်ပြပေးစေလိုကြောင်း အဖွင့် အမှာစကားပြောကြား […]

နွေဦးတော်လှန်ရေး ရက်(၁၀၀၀)ပြည့်သောနေ့

ဒီကနေ့ဟာဆိုရင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါ‌တော်နေ့)ဖြစ်သလို နွေဦးတော်လှန်ရေး ရက်(၁၀၀၀)ပြည့်မြောက်တဲ့နေ့လေးလည်းဖြစ်ပါတယ်။ သီတင်းကျွတ်အချိန်အခါသမယလေးမှာ မြန်မာပြည်သူပြည်သား အားလုံး စိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြည့်ဝကြပြီး ပြည့်သူ့အောင်ပွဲ အမြန်ဆုံး ရရှိပါ‌စေကြောင်း ဆုတောင်းမေတ္တာပို့အပ်ပါတယ်။ တရားရေး၀န်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထောင်စုဝန်ကြီးနှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၁၃/၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၁၃/၂၀၂၃)ကို (၁၄.၁၀.၂၀၂၃) ရက်နေ့ မြန်မာစံတော်ချိန် မနက်(၁၀:၀၀)အချိန်တွင် စတင်ကျင်းပခဲ့ပါသည်။ထိုအစည်းအဝေးသို့တရားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဉီးသိန်းဦး၊တရားရေးဝန်ကြီးဌာန၏ဌာနအသီးသီးမှညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေး ဆိုင်ရာဦးစီးဌာနမှ ရုံးအဖွဲ့နှင့်တာဝန်ရှိ ဝန်ထမ်းများ၊ မြေပြင်တရားရုံးများမှ တရားသူကြီးများ တက်ရောက်ခဲ့ကြပါသည်။ပထမဦးစွာပြည်ထောင်စုဝန်ကြီးဉီးသိန်းဦးမှအဖွင့်အမှာစကားပြောကြားရာတွင် တရားရုံး အသီးသီးတွင် ကျရာအခန်းကဏ္ဍအလိုက်တာဝန်ထမ်းဆောင်နေကြသော တရားသူကြီးများနှင့် ဝန်ကြီးဌာနရှိဝန်ထမ်းများအားလုံးအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနစတင်ခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်းမှ စတင်ကာအောင်မြင်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုမှာ မိမိတို့၏ ထိန်းချုပ်နယ်မြေများအတွင်း တရားစီရင်ရေးဆောင်ရွက်ခဲ့သည့် လုပ်ငန်းဖြစ်ကြောင်း၊ နိုင်ငံတကာအနေဖြင့်လည်း အသိအမှတ်ပြုသဖြင့် နွေဦးတော်လှန်ရေး၏ အောင်မြင်မှု အသီးအပွင့် ဖြစ်ကြောင်း ဒီထက်ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်စေရန်အတွက် တရားရေးဝန်ကြီးဌာန အနေဖြင့်လည်း နိုင်ငံတကာနှင့်ဆက်သွယ်ကာ လိုအပ်သော သင်တန်းများ ပိုမိုပို့ချနိုင်အောင် ဆောင်ရွက်ထားကြောင်း၊ တရားမျှတမှုဖော်ဆောင်မှု လုပ်ဆောင်ရာတွင်လည်း တရားသူကြီး၊ ဥပဒေအရာရှိအပါအဝင် သုံးချောင်းထောက်စနစ်အောက်၌ တာဝန်ယူ ဆောင်ရွက်နေသူများအားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ […]