အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆုမွန်ကောင်းတောင်းခြင်း

မတ်လ(၈)ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်နေ့တွင် မြန်မာနိုင်ငံတွင်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရရှိရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများကို လေးစားတန်ဖိုးထားရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတည်ဆောက်ရေးလုပ်ငန်းများကို ဗဟိုချက်အဖြစ်ထားရှိရန် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ငြိမ်းချမ်းသာယာပြီး၊ တိုးတက်ကောင်းမွန်သော လူမှုအဖွဲ့အစည်းသစ်တစ်ခု ဖန်တီးတည်ဆောက်နိုင်ရန်နှင့် စုံလင်ကွဲပြားမှုအပေါ် အခြေခံပြီး ကိုယ်စားပြုမှု၊ ဦးဆောင်ဆုံးဖြတ်မှုရှိသော နိုင်ငံရေးအခင်းအကျင်းတစ်ရပ် ဖြစ်လာစေရန် အမျိုးသမီးများ၏အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည်။ အာဏာရှင်စနစ် ပျက်သုဉ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်တော်လှန်နေကြသည့် အမျိုးသမီးများနှင့် လူနည်းစုများအားလုံး၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည်။ ၂၀၂၁ အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့ အချိန်ထိ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုအတွက် တော်လှန်နေကြသည့် အမျိုးသမီးများ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် နိုင်ငံရေးအရ တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြသည့်အမျိုးသမီးများ၊ မြေပြင်ရှိ လူသားချင်းစာနာထောက်ထားမှုဒေသများတွင် အားအင်အပြည့်ဖြင့် ပါဝင်ဆောင်ရွက်နေသည့် အမျိုးသမီးများနှင့် […]

ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၂ /၂၀၂၄) အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လ၊ ၁၀ ရက်နေ့။ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၂ /၂၀၂၄) အောင်မြင်စွာကျင်းပပြီးစီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၂ /၂၀၂၄)ကို (၁၀-၁-၂၀၂၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ၊ ရုံးအဖွဲ့မှူး ၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ နှင့် မြေပြင်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် […]

(၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့

ယနေ့ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ ၊ရှမ်းအမျိုးသားနေ့အား ဂုဏ်ပြုကြိုဆိုရင်း ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ဘေးကင်းလုံခြုံစွာ ရှိကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။ ၁၉၄၇ ခုနှစ်၊ပင်လုံညီလာခံအတွင်းမှ ပေါ်ပေါက်လာခဲ့‌ပြီး နယ်ချဲ့အင်္ဂလိပ်ကို တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သော စည်းလုံးခြင်း၏ အနှစ်သာရတစ်ခု အနေဖြင့်လည်းတည်ရှိနေသော နေ့ထူးနေ့မြတ်ဖြစ်သည်။ တရားရေးဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက် စစ်အာဏာရှင် တိုက်ဖျက်ရေးတွင် တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်၊တိုင်း အသီးသီးတွင် တရားမျှတမှု၊လွတ်လပ်မှုနှင့် တန်းတူညီမျှမှုတို့လွှမ်းခြုံလျက် ဖက်ဒရယ် ပြည်ထောင်စုသစ်ကြီးဆီသို့ အတူတကွလျှောက်လှမ်းနိုင်ပါစေကြောင်း ထပ်လောင်းမေတ္တာပို့သအပ်ပါသည်။

ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၁ /၂၄) အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ်၊ ဇန္နဝါရီ လ၊ ၂၀ ရက်နေ့။ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၁ /၂၄) အောင်မြင်စွာကျင်းပပြီးစီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၁ /၂၀၂၄)ကို (၂၀-၁-၂၀၂၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ၊ ရုံးအဖွဲ့မှူး ၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ နှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်မှ အဖွင့်အမှာစကားပြေားကြားရာတွင် တရားရုံးများတွင် နေ့စဉ်နှင့်အမျှကြုံတွေ့နေ ရသောအခက်အခဲများအား […]

ကရင်အမျိုးသားနှစ်သစ်ကူး မင်္ဂလာနေ့ထူးနေ့မြတ်အားဆုတောင်းမေတ္တာပို့သခြင်း

ယနေ့ကျရောက်သည့် ကရင်သက္ကရာဇ် ၂၇၆၃ခုနှစ်၊ ပြာသိုလဆန်း (၁)ရက်နေ့သည် ကရင်တိုင်းရင်းသား အားလုံး၏ အလေးအမြတ်ထား ဂုဏ်ယူတန်ဖိုးထားကြသည့် ကရင်အမျိုးသားနှစ်သစ်ကူး မင်္ဂလာနေ့ထူးနေ့မြတ် ဖြစ်သည့်အလျောက် ကျန်းမာခြင်း၊ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ဘေးကင်းလုံခြုံခြင်းနှင့်သာယာဝပြောခြင်းတို့ ရရှိခံစားနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ကရင်တမျိုးသားလုံးနှင့် ထာဝရချစ်ကြည်ရင်းနှီးစွာလက်တွဲ၍ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တွန်းလှန်ပြီး အနာဂါတ် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာရေးကို တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် ဟန်ချက်ညီညီ လက်တွဲချီတက်သွားပါမည်ဟု ထပ်လောင်း ကတိပြုအပ်ပါသည်။ တရားရေး၀န်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

( ၇၁ ) နှစ်မြောက် ကချင်ပြည်နယ်နေ့

၁၉၄၈ ခုနှစ် မှစတင်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်နေ့အဖြစ်အတည်ပြုသတ်မှတ်ခဲ့ကြသည်မှာ ယနေ့ဆိုလျှင် ၇၆နှစ် တိုင်သို့ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ( ၇၁ ) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ “ကျွန်မတို့စုစည်းတဲ့အခါ ဘယ်တိုင်းရင်းသားအတွက် ဘယ်နေ့သာဖြစ်တယ် ဆိုတဲ့ စိတ်ဓာတ်မဟုတ်ဘဲ အခုကချင်ပြည်နယ်နေ့ဆိုရင် ကချင်ပြည်နယ်ထဲရှိတဲ့ တိုင်းရင်းသား ပေါင်းစုံနဲ့ သက်ဆိုင်တဲ့နေ့လည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်နေ့ ပေါ်ပေါက်လာတာလည်း လွတ်လပ်ရေးနဲ့တစ်နှစ်တည်း ပေါ်ပေါက်လာတာပါ။ ဒါကြောင့် ကျွန်မတို့နိုင်ငံရဲ့ လွတ်လပ်ရေးသင်္ကေတလည်း ဖြစ်တယ်လို့ ပြောရင်လည်း မမှားဘူး။ ပထမဦးဆုံး ကချင်ပြည်နယ်နေ့ကို တက်ရောက်တဲ့ သမ္မတကြီးစပ်ရွှေသိုက်ဟာ ရှမ်းတိုင်းရင်းသားဖြစ်တယ်။ ဒီဟာကလည်း ပြည်ထောင်စုရဲ့ အနေအထားကို ဖော်ပြတာပဲ၊ ပထမဦးဆုံး ကချင်ပြည်နယ်နေ့ကိုတက်ရောက်တဲ့ သမ္မတကြီးဟာ ရှမ်းတိုင်းရင်းသား […]

(၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့

ယနေ့ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခါသမယ၌ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးအတွက် ခွင့်တူညီမျှ၊ တရားမျှတ‌သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနအနေနှင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုအပ်ပါသည်။ တရားရေး၀န်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ