ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ခြင်း (၃)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်

ယနေ့ ကျရောက်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ခြင်း (၃)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်နေ့ကို ပြည်သူတစ်ရပ်လုံးနည်းတူ ကျွန်ုပ်တို့မှလည်း လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ၂၀၂၁ ခုနှစ် စတင်ဖွဲ့စည်းချိန်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ ကြိုးပမ်းမှုတွင် ဖိနှိပ်ချုပ်ချယ်ခံ မြန်မာပြည်သူပြည်သားများ၏ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေခဲ့သည်မှာ ယနေ့ဆိုလျှင် (၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက်နေ့ အကြမ်းဖက်စစ်တပ်မှ တိုင်းပြည်အာဏာအား မတရား သိမ်းယူပြီးနောက် စစ်အာဏာရှင်စနစ်၏ ခြိမ်းခြောက်မှုဒဏ်ကို ရင်ဆိုင်ရချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး တို့အတွက် သတ္တိရှိရှိ ပေါ်ထွက်လာခဲ့ပါသည်။ လွန်ခဲ့သော (၃) နှစ်တာ ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ နယ်မြေများကို […]
ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့

ယနေ့ မေလ (၃)ရက်နေ့တွင် ကျရောက်သောကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် နေ့ တွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုအ ပေါ် ဆန့်ကျင် သောတော်လှန်ရေးတိုက်ပွဲတွင် ကလောင်စွမ်းဖြင့်ပါဝင်တိုက်ပွဲဝင်လျက်ရှိသော စာနယ်ဇင်းသမားများ၏ ပါဝင်အားဖြည့်မှုအား ဂုဏ်ယူအသိအမှတ်ပြုပါသည်။ ယနေ့အချိန်ထိ အကြမ်းဖက်စစ်တပ်မှ မတရားဖမ်းဆီးထိန်းသိမ်းထားသော စာနယ်ဇင်းသမား ပေါင်းများစွာ ရှိပါသည်။ မြန်မာပြည်အတွင်း အင်တာနက်လိုင်းများ၊ ဖုန်းလိုင်းများကို ဒေသအတော်များများတွင် ပိတ်ပင်ထားသည့်အတွက် ပြည်သူလူထုအနေဖြင့် သတင်းအချက်အလက် ရရှိမှု၊စီးဆင်းမှုမှာ ထိန်းချုပ်ကန့်သတ်ခံထားရပါသည်။ စာနယ်ဇင်းသမားများအနေဖြင့် လွတ်လပ်စွာ တင်ပြခွင့် အပြည့်အဝရရှိရေးသည် ဒီမိုကရစီလမ်းကြောင်းတွင် အရေးပါမှုတစ်ရပ် ဖြစ်သည့်အပြင် ပြည်သူလူထုအနေဖြင့်လည်း မှန်ကန်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ရထိုက်ခွင့်ရှိပါသည်။ သို့ဖြစ်ပါ၍ တရားမျှတသော လွတ်လပ်ခွင့်များ အပြည့်အဝရရှိစေရန် ရည်မျှော်၍ တော်လှန်ရေးပန်းတိုင်အမြန်ဆုံးရောက်ရှိပြီး စာနယ်ဇင်းသမားများအားလုံး ဘေးကင်းလုံခြုံကြ စေရန်နှင့် ဖမ်းဆီးခံစာနယ်ဇင်းသမားများအားလုံးအမြန်ဆုံးလွတ်မြောက်နိုင်စေရန် ဆုတောင်း မေတ္တာ […]
အမျိုးသားညီညွတ်ရေးအစိုးရတည်ထောင်ခြင်း (၃) နှစ်ပြည့်တွင် တရားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူသို့ အစီရင်ခံတင်ပြခြင်း

အမျိုးသားညီညွတ်ရေးအစိုးရတည်ထောင်ခြင်း (၃) နှစ်ပြည့်တွင် တရားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူသို့ အစီရင်ခံတင်ပြခြင်းမှ ကောက်နုတ်ချက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်ကိုင်ဖို့ လွန်ခဲ့တဲ့ ၃နှစ်တာကာလအတွေ့အကြုံကိုအခြေခံပြီးတရားရုံးတွေကို ဆက်လက်တိုးချဲ့ဖွင့်လှစ်သွားပါမယ်။ ဒါ့အပြင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကိုလည်းအမျိုးသားညီညွတ်ရေးအစိုးရ အခြားသောဝန်ကြီးဌာနများနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ ဒီ ၃ နှစ်တာပူးပေါင်းဆောင်ရွက်မှုတွေဟာ “ ပြည်သူမှ ပြည်သူသို့” ဆိုတဲ့အပြန်အလှန်ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်မှုကရတဲ့ အောင်မြင်မှုတွေဖြစ်တဲ့အတွက် ပြည်သူလူကလည်း ဆက်လက်ပြီးတော့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အတူတကွ အောင်ပွဲပန်းတိုင်ဆီကို မျှော်ရည်ဆန္ဒတွေနဲ့ ဆက်လက်ပါဝင်ပေးကြပါ။ ဦးသိန်းဦး ပြည်ထောင်စုဝန်ကြီး တရားရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ
အလုပ်သမားနေ့ (May Day) အား ဂုဏ်ပြုခြင်း
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၄ /၂၄) အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ်၊ ဧပြီ လ၊ ၂၇ ရက်နေ့။ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၄ /၂၄) အောင်မြင်စွာကျင်းပပြီးစီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၄ /၂၀၂၄)ကို (၂၇-၄-၂၀၂၄) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၀၁:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ၊ ရုံးအဖွဲ့မှူး ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိဝန်ထမ်းများနှင့် မြေပြင်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးရန်ကြီးအောင်မှ အစည်းအဝေးသို့ တက်ရောက်လာသော […]
အစ္စလာမ် ဘာသာဝင်တို့၏ အီးဒ် ရက်မြတ်အား ဆုမွန်ကောင်းပို့သခြင်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန နှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအမှတ်စဥ် (၁/၂၀၂၄)

မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန နှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအမှတ်စဥ် (၁/၂၀၂၄) အခမ်းအနားကို (၁၂-၄-၂၀၂၄) ရက်နေ့၊မြန်မာစံတော်ချိန် နံနက် (၉း၃၀) နာရီတွင် ကျင်းပခဲ့ ပါသည်။ ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်ဦးအားမာန်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်ဆက်သွယ်ရေးတာဝန်ခံများနှင့် မြို့နယ်(၁၉)မြို့နယ်မှ ဥပဒေတာဝန်ခံ(၂၂)ဦး တို့လည်း တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးသို့ တက်ရောက်လာသူများအားလုံး မင်္ဂလာပါဟု ဦးစွာ နှုတ်ခွန်းဆက်သပါသည်။ ယခုဆိုလျှင် မိမိတို့တော်လှန်ရေးတပ်ဖွဲ့များမှာ နယ်မြေများစွာ စိုးမိုးအနိုင်ယူထားပြီး အသာစီးရနေပြီဖြစ်ကြောင်း၊ ဘုံရည်မှန်းချက်အနေဖြင့် မိမိတို့အားလုံး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဖြစ်သောကြောင့် ရည်မှန်းချက်ပန်းတိုင် […]
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ရမှု နှစ်ပတ်လည်နေ့

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ရမှု နှစ်ပတ်လည်နေ့ ၂၀၂၄ ခုနှစ် ၊ဧပြီလ ၁၁ရက်နေ့ ၂၀၂၃ ခုနစ်၊ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်း၌ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူ မြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာတွင် အရပ်သားပြည်သူများ စုဝေးနေချိန် အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူများ အစုအလိုက်အပြုံလိုက် သေဆုံးခဲ့မှုနှင့်၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျင် (၁)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ယင်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ အသက်ဆုံးရှုံးသွားခဲ့ကြသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများ အတွက် မိသားစုဝင်များနှင့်ထပ်တူ ယနေ့တိုင် များစွာ စိတ်ထိခိုက် ဝမ်းနည်းကြေကွဲရသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ မြန်မာပြည်သူ၊ ပြည်သား များအပေါ် အစုလိုက်အပြုံလိုက် […]
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) တွေ့ဆုံပွဲ ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) တွေ့ဆုံပွဲ ကျင်းပပြုလုပ် ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၀၁:၀၀)နာရီအချိန်တွင် Zoom Meetingဖြင့် ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် ဌာနမှတာဝန်ရှိသူများ၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)မှ ဥက္ကဌအဖွဲ့ဝင်များနှင့် ကောင်စီဝင်များ အသီးသီးတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး ကောင်စီ၏ အထွေထွေအတွင်းရေးမှူးက မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)ဖွဲ့စည်းထားရှိမှုအကြောင်းကို မိတ်ဆက်ရှင်းလင်းတင်ပြပါသည်။ ဆက်လက်ပြီး ရှင်းလင်းတင်မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် အဓိက အကြံပြုလိုသည်မှာ မွန်ပြည်နယ် CDMကောင်စီနှင့် […]
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၃ /၂၄) အောင်မြင်စွာကျင်းပပြီးစီး

ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၃ /၂၄) အောင်မြင်စွာကျင်းပပြီးစီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၃ /၂၀၂၄)ကို (၂၃-၃-၂၀၂၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်၊ ကြားကာလတရားစီရင်ရေးဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာနမှ ရုံးအဖွဲ့မှူး ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်ဦးရန်ကြီးအောင်က မိမိတို့အနေဖြင့် ကြားကာလဖြစ်သည်နှင့်အညီ တရားစီရင်ရေး ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ ရှိနေကြောင်း၊ ဥပဒေ၊ […]