ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄ )

ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄ )ကို (၂၂-၅-၂၀၂၄) ရက်နေ့ မွန်းလွဲ ( ၁:၃၀)နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ (၂) -တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစည်းအဝေးတက်ရောက်သူ များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း၊ ကောင်းမွန်ပြီးလွတ်လပ်မျှတသော တရားစီရင်ရေးစနစ်ကို ဖော်ဆောင်ကာ ပြည်သူများနှင့် နိုင်ငံတကာ၏ ယုံကြည်ကိုးစားမှုကို ရယူသွားကြရန် ကြိုးစားသွားကြရမည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ လတ်တလော တရားစီရင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အခြေအနေများအားတင်ပြဆွေးနွေးမှုပြုခဲ့ကြပြီးနောက် ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယခုကာလသည် မိမိတို့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး […]
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၅ /၂၄) အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာန၂၀၂၄ ခုနှစ်၊ မေ လ၊ ၁၈ ရက်နေ့။ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၅ /၂၄) အောင်မြင်စွာကျင်းပပြီးစီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၅ /၂၀၂၄)ကို (၁၈-၅-၂၀၂၄) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။အဆိုပါ အခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ၊ ရုံးအဖွဲ့မှူး ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိဝန်ထမ်းများနှင့် မြေပြင်တရားရုံး (၂၆) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးရန်ကြီးအောင်မှ အစည်းအဝေးသို့ တက်ရောက်လာသော မြေပြင်တရားရုံးများမှ ဆရာ ဆရာမများ အားလုံးနှင့် ဦးစီးဌာနဝန်ထမ်းများအားလုံးအား […]
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ တရားစွဲနှင့်အမှုလိုက်ဦးစီး ဌာန နှင့်မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအမှတ်စဥ် (၃/၂၀၂၄)

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ တရားစွဲနှင့်အမှုလိုက်ဦးစီး ဌာန နှင့်မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအမှတ်စဥ် (၃/၂၀၂၄) အခမ်းအနားကို (၁၀-၅-၂၀၂၄) ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၉း၃၀) နာရီတွင် ကျင်းပခဲ့ ပါသည်။ ထိုအခမ်းအနားသို့ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှညွှန်းကြားရေးမှူးချုပ် ဒေါ်မေနီ၊ ဥပဒေအကြံပေးအရာရှိဒေါ် Yellow Rose၊ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်ဆက်သွယ်ရေး တာဝန်ခံများနှင့် မြို့နယ်(၁၉)မြို့နယ်မှ ဥပဒေတာဝန်ခံ(၂၁)ဦး တို့လည်း တက်ရောက်ခဲ့ကြ ပါသည်။ ရှေးဦးစွာ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှညွှန်းကြားရေးမှူးချုပ် ဒေါ်မေနီမှ အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်ဥပဒေရုံးများအနေဖြင့် လစဉ်အစီရင်ခံစာများ၊ ဥပဒေအကြံပေးမိတ္တူများနှင့် အမှုပြီးပြတ်ချက်များကို လစဉ်ပုံမှန်ပေးပို့ကြရန်၊ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဥပဒေတာဝန်ခံများအနေဖြင့် တာဝန်ယူမှုတာဝန်ခံမှုများ ရှိကြစေ ရန်နှင့် ယနေ့ပြုလုပ်သော အစည်းအဝေးတွင် မိမိတို့မြို့နယ်များ၏ အခက်အခဲများ၊ လိုအပ် ချက်များအား ပွင့်လင်းစွာတင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြား၍ […]
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၄ /၂၄) အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ်၊ ဧပြီ လ၊ ၂၇ ရက်နေ့။ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၄ /၂၄) အောင်မြင်စွာကျင်းပပြီးစီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၄ /၂၀၂၄)ကို (၂၇-၄-၂၀၂၄) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၀၁:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ၊ ရုံးအဖွဲ့မှူး ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိဝန်ထမ်းများနှင့် မြေပြင်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးရန်ကြီးအောင်မှ အစည်းအဝေးသို့ တက်ရောက်လာသော […]
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန နှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအမှတ်စဥ် (၁/၂၀၂၄)

မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန နှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအမှတ်စဥ် (၁/၂၀၂၄) အခမ်းအနားကို (၁၂-၄-၂၀၂၄) ရက်နေ့၊မြန်မာစံတော်ချိန် နံနက် (၉း၃၀) နာရီတွင် ကျင်းပခဲ့ ပါသည်။ ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်ဦးအားမာန်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်ဆက်သွယ်ရေးတာဝန်ခံများနှင့် မြို့နယ်(၁၉)မြို့နယ်မှ ဥပဒေတာဝန်ခံ(၂၂)ဦး တို့လည်း တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးသို့ တက်ရောက်လာသူများအားလုံး မင်္ဂလာပါဟု ဦးစွာ နှုတ်ခွန်းဆက်သပါသည်။ ယခုဆိုလျှင် မိမိတို့တော်လှန်ရေးတပ်ဖွဲ့များမှာ နယ်မြေများစွာ စိုးမိုးအနိုင်ယူထားပြီး အသာစီးရနေပြီဖြစ်ကြောင်း၊ ဘုံရည်မှန်းချက်အနေဖြင့် မိမိတို့အားလုံး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဖြစ်သောကြောင့် ရည်မှန်းချက်ပန်းတိုင် […]
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) တွေ့ဆုံပွဲ ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) တွေ့ဆုံပွဲ ကျင်းပပြုလုပ် ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၀၁:၀၀)နာရီအချိန်တွင် Zoom Meetingဖြင့် ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် ဌာနမှတာဝန်ရှိသူများ၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)မှ ဥက္ကဌအဖွဲ့ဝင်များနှင့် ကောင်စီဝင်များ အသီးသီးတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး ကောင်စီ၏ အထွေထွေအတွင်းရေးမှူးက မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)ဖွဲ့စည်းထားရှိမှုအကြောင်းကို မိတ်ဆက်ရှင်းလင်းတင်ပြပါသည်။ ဆက်လက်ပြီး ရှင်းလင်းတင်မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် အဓိက အကြံပြုလိုသည်မှာ မွန်ပြည်နယ် CDMကောင်စီနှင့် […]
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၃ /၂၄) အောင်မြင်စွာကျင်းပပြီးစီး

ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၃ /၂၄) အောင်မြင်စွာကျင်းပပြီးစီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၃ /၂၀၂၄)ကို (၂၃-၃-၂၀၂၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်၊ ကြားကာလတရားစီရင်ရေးဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာနမှ ရုံးအဖွဲ့မှူး ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်ဦးရန်ကြီးအောင်က မိမိတို့အနေဖြင့် ကြားကာလဖြစ်သည်နှင့်အညီ တရားစီရင်ရေး ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ ရှိနေကြောင်း၊ ဥပဒေ၊ […]
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၂ /၂၀၂၄) အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လ၊ ၁၀ ရက်နေ့။ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၂ /၂၀၂၄) အောင်မြင်စွာကျင်းပပြီးစီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၂ /၂၀၂၄)ကို (၁၀-၁-၂၀၂၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ၊ ရုံးအဖွဲ့မှူး ၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ နှင့် မြေပြင်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် […]
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၁ /၂၄) အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ်၊ ဇန္နဝါရီ လ၊ ၂၀ ရက်နေ့။ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၁ /၂၄) အောင်မြင်စွာကျင်းပပြီးစီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၁ /၂၀၂၄)ကို (၂၀-၁-၂၀၂၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ၊ ရုံးအဖွဲ့မှူး ၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ နှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်မှ အဖွင့်အမှာစကားပြေားကြားရာတွင် တရားရုံးများတွင် နေ့စဉ်နှင့်အမျှကြုံတွေ့နေ ရသောအခက်အခဲများအား […]
တရားရေးဝန်ကြီးဌာနနှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၁၅/၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၁၅/၂၀၂၃)ကို (၃၀-၁၂-၂၀၂၃) ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၁၀:၀၀)အချိန်တွင် စတင်ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးသို့တရားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဉီးသိန်းဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ တရားရေးဝန်ကြီးဌာန၏ဌာနအသီးသီးမှညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊ အကြံပေးပုဂ္ဂိုလ်များ၊ ကြားကာလတရားစီရင်ရေး ဆိုင်ရာဦးစီးဌာနမှ ရုံးအဖွဲ့နှင့်တာဝန်ရှိ ဝန်ထမ်းများ၊ ဆက်သွယ်ရေးတာဝန်ခံများနှင့် မြေပြင် တရားရုံး(၂၈)ရုံးမှ တရားသူကြီးများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာပြည်ထောင်စုဝန်ကြီးဉီးသိန်းဦးမှအဖွင့်အမှာစကားပြောကြားရာတွင် ယခုအခါ နှစ်ကုန်ပိုင်းသို့ရောက်လာပြီး တော်လှန်ရေးမှာလည်း ၃ နှစ် ပြည့်ကာနီးပြီ ဖြစ်ကြောင်း၊ လက်သုံးချောင်း ထောင်ကာစတင်ခဲ့သည့် နွေဦးတော်လှန်ရေးသည် အတော်လေး တိုးတက်သည့် ပြောင်းလဲမှုအကြီးကြီးကိုတွေ့နေရပြီဖြစ်သဖြင့် အားလုံးအတွက် ဂုဏ်ယူ အားတက်စရာပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးတွင် ပေးဆပ်နေကြသော တော်လှန်ရေးရဲဘော်ရဲဘက်များသည် ဂုဏ်ယူထိုက်သည့် ပုဂ္ဂိုလ်များဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်များနှင့် လက်တွဲလုပ်ဆောင်ရသည့်အတွက်လည်း ဂုဏ်ယူပါကြောင်း၊ တော်လှန်ရေး၏ တိုးတက်မှုကို ကြည့်ရမည်ဆိုပါက စစ်ကိုင်းတိုင်းတွင် မြို့သိမ်းတိုက်ပွဲများ […]