ကဆုန်လပြည့်နေ့

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်လပြည့်နေ့အခါသမယတွင် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကိုယ် စိတ် နှလုံး အေးချမ်းကြပါစေကြောင်း တရားရေးဝန်ကြီးဌာနမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ကဆုန်လပြည့်နေ့သည် ဂေါတမမြတ်စွာဘုရားရှင် ဖွားမြင်တော်မူခြင်း၊ ဉာဏ်အလင်းရရှိခြင််း၊ တရားဦးဟောကြားခြင်း နှင့် ပရိနိဗ္ဗာန်စံခြင်း စသည့် ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ်ထားရသော နေ့တစ်နေ့ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမကို အရင်းပြုသော ဖြောင့်မတ်ခြင်းနှင့် ကျင့်ဝတ်များကို လက်ကိုင်ထား၍ တရားမျှတမှု နှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းသွားပါမည်ဟု ကတိပြုအပ်ပါသည်။
ကမ္ဘာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နေ့

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာသည် လူ့အဖွဲ့အစည်းအပေါ်တွင် နက်နဲသောအကျိုးသက်ရောက်မှုများစွာရှိပါသည်။ ကျွန်ုပ်တို့မြန်မာ့နွေဦးတော်လှန်ရေးတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၏ အရေးပါမှုကို သိသာထင်ရှားစွာ တွေ့မြင်ခဲ့ရပါသည်။ ဆက်သွယ်ရေးကွန်ရက်များနှင့် ဒစ်ဂျစ်တယ်ပလပ်ဖောင်းများသည် သတင်းလွတ်လပ်စွာစီးဆင်းမှု၊ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကျင်းပရန်နှင့် မြန်မာနိုင်ငံသားများ၏ အသံများကို ကမ္ဘာကကြားသိစေရန် အတွက် အလွန်အထောက်အကူပြုခဲ့ကြောင်း ကျွန်ုပ်တို့မှ အသိအမှတ်ပြုပါသည်။ စစ်အာဏာရှင်လက်အောက်တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်စီးဆင်းမှုသည်အခက်အခဲများနှင့် ကြုံတွေ့နေရသော်လည်း နည်းပညာများကို အသုံးချရာတွင် ပြည်သူများ၏ ခံနိုင်ရည်နှင့် စိတ်ဓာတ်အင်အားကိုလည်း ယနေ့တွင် တပါတည်း လေးစားဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။ ဤအခါသမယတွင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး မျှော်လင့်နေသော စစ်အာဏာရှင်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး နှင့် တိုင်းရင်းသား တန်းတူညီမျှအခွင့်အရေးများရရှိရေး အစရှိသည့် ရည်မှန်းချက်များနှင့်အတူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်၊ အခွင့်အရေးများကို အကာအကွယ်ပေးနိုင်မှုနှင့် လွတ်လပ်လုံခြုံသော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန် ကျွန်ုပ်တို့ တရားရေးဝန်ကြီးဌာနမှ ကတိကဝတ် […]
ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
အပြည်ပြည်ဆိုင်ရာ အမေများနေ့၌ မိခင်များကို လေးစားစွာဖြင့် ဂုဏ်ပြုခြင်း

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမေများနေ့၌ ကျွန်ုပ်တို့နိုင်ငံ၏ နွေဦးတော်လှန်ရေးခရီးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါရှိကြသော မိခင်များကို လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။ မြန်မာပြည်သူများ၏ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီဖယ်ဒရယ်ရရှိရေး တိုက်ပွဲများတွင် ရဲရင့်သောမိခင်များလည်း ပါ၀င်သလို ရဲရင့်သောမိခင်များမှ မွေးထုတ်ပေးသော ရဲဘော်များသည်လည်း ရှေ့တန်းမှ ရပ်တည်နေကြပါသည်။ အမေများနေ့သည် နွေဦးတော်လှန်ရေးတွင် နေရာပေါင်းစုံမှ ပါဝင်နေကြသည့် သူရဲကောင်းများ၏ မိခင်များနှင့်တကွ ကမ္ဘာတစ်ဝှမ်းရှိ မိခင်များ၏ ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာ၊ ရဲရင့်ခိုင်မာသော ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြရမည့် အချိန်ဖြစ်ပါသည်။ ကျွန်ုပ်တို့ မိခင်များ၏ ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာ၊ အတိုင်းအဆမရှိ မိသားစုကို ပြုစုစောင့်ရှောက်မှု၊ အနစ်နာခံ ပေးဆပ်မှုများကို အမှတ်ရရင်း အမေများနေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။
ကမ္ဘာ့ကြက်ခြေနီနေ့

ယနေ့ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့တွင် ကျွန်ုပ်တို့ တရားရေး၀န်ကြီးဌာန (MOJ)အနေဖြင့် တော်လှန်ရေးအပေါ် မယိမ်းမယိုင် အကျိုးပြုခဲ့ကြသော ကြက်ခြေနီလှုပ်ရှားမှုများအား အသိအမှတ်ပြုလျက် အထူးကျေးဇူးတင်ရှိပါသည်။ ယခုလိုအကျပ်အတည်းကာလအတွင်း ကြက်ခြေနီအသင်းသည် ကျွန်ုပ်တို့နိုင်ငံနှင့် နိုင်ငံတဝှမ်းရှိ လိုအပ်နေသူအများစုအတွက် မရှိမဖြစ်လိုအပ်သော အကူအညီများနှင့် အထောက်အပံ့များကို ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ တော်လှန်ရေးကာလအတွင်း အကန့်အသတ်မရှိသည့် ဆင်းရဲဒုက္ခများ ပြေလျော့စေရန်၊ငြိမ်းချမ်းရေး နှင့် စည်းလုံးညီညွတ်မှုတို့ကို မြှင့်တင်ရာတွင် ကြက်ခြေနီအဖွဲ့တို့၏ မမောမပန်း ကြိုးစားအားထုတ်မှုများအား ဂုဏ်ပြုလျက် နိုင်ငံတဝှမ်းလုံးရှိ ကြက်ခြေနီလှုပ်ရှားမှု အသင်းအဖွဲ့များ အားလုံးဘေးကင်းလုံခြုံကျစေရန် ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ခြင်း (၃)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်

ယနေ့ ကျရောက်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ခြင်း (၃)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်နေ့ကို ပြည်သူတစ်ရပ်လုံးနည်းတူ ကျွန်ုပ်တို့မှလည်း လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ၂၀၂၁ ခုနှစ် စတင်ဖွဲ့စည်းချိန်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ ကြိုးပမ်းမှုတွင် ဖိနှိပ်ချုပ်ချယ်ခံ မြန်မာပြည်သူပြည်သားများ၏ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေခဲ့သည်မှာ ယနေ့ဆိုလျှင် (၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက်နေ့ အကြမ်းဖက်စစ်တပ်မှ တိုင်းပြည်အာဏာအား မတရား သိမ်းယူပြီးနောက် စစ်အာဏာရှင်စနစ်၏ ခြိမ်းခြောက်မှုဒဏ်ကို ရင်ဆိုင်ရချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး တို့အတွက် သတ္တိရှိရှိ ပေါ်ထွက်လာခဲ့ပါသည်။ လွန်ခဲ့သော (၃) နှစ်တာ ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ နယ်မြေများကို […]
ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့

ယနေ့ မေလ (၃)ရက်နေ့တွင် ကျရောက်သောကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် နေ့ တွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုအ ပေါ် ဆန့်ကျင် သောတော်လှန်ရေးတိုက်ပွဲတွင် ကလောင်စွမ်းဖြင့်ပါဝင်တိုက်ပွဲဝင်လျက်ရှိသော စာနယ်ဇင်းသမားများ၏ ပါဝင်အားဖြည့်မှုအား ဂုဏ်ယူအသိအမှတ်ပြုပါသည်။ ယနေ့အချိန်ထိ အကြမ်းဖက်စစ်တပ်မှ မတရားဖမ်းဆီးထိန်းသိမ်းထားသော စာနယ်ဇင်းသမား ပေါင်းများစွာ ရှိပါသည်။ မြန်မာပြည်အတွင်း အင်တာနက်လိုင်းများ၊ ဖုန်းလိုင်းများကို ဒေသအတော်များများတွင် ပိတ်ပင်ထားသည့်အတွက် ပြည်သူလူထုအနေဖြင့် သတင်းအချက်အလက် ရရှိမှု၊စီးဆင်းမှုမှာ ထိန်းချုပ်ကန့်သတ်ခံထားရပါသည်။ စာနယ်ဇင်းသမားများအနေဖြင့် လွတ်လပ်စွာ တင်ပြခွင့် အပြည့်အဝရရှိရေးသည် ဒီမိုကရစီလမ်းကြောင်းတွင် အရေးပါမှုတစ်ရပ် ဖြစ်သည့်အပြင် ပြည်သူလူထုအနေဖြင့်လည်း မှန်ကန်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ရထိုက်ခွင့်ရှိပါသည်။ သို့ဖြစ်ပါ၍ တရားမျှတသော လွတ်လပ်ခွင့်များ အပြည့်အဝရရှိစေရန် ရည်မျှော်၍ တော်လှန်ရေးပန်းတိုင်အမြန်ဆုံးရောက်ရှိပြီး စာနယ်ဇင်းသမားများအားလုံး ဘေးကင်းလုံခြုံကြ စေရန်နှင့် ဖမ်းဆီးခံစာနယ်ဇင်းသမားများအားလုံးအမြန်ဆုံးလွတ်မြောက်နိုင်စေရန် ဆုတောင်း မေတ္တာ […]
အမျိုးသားညီညွတ်ရေးအစိုးရတည်ထောင်ခြင်း (၃) နှစ်ပြည့်တွင် တရားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူသို့ အစီရင်ခံတင်ပြခြင်း

အမျိုးသားညီညွတ်ရေးအစိုးရတည်ထောင်ခြင်း (၃) နှစ်ပြည့်တွင် တရားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူသို့ အစီရင်ခံတင်ပြခြင်းမှ ကောက်နုတ်ချက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်ကိုင်ဖို့ လွန်ခဲ့တဲ့ ၃နှစ်တာကာလအတွေ့အကြုံကိုအခြေခံပြီးတရားရုံးတွေကို ဆက်လက်တိုးချဲ့ဖွင့်လှစ်သွားပါမယ်။ ဒါ့အပြင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကိုလည်းအမျိုးသားညီညွတ်ရေးအစိုးရ အခြားသောဝန်ကြီးဌာနများနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ ဒီ ၃ နှစ်တာပူးပေါင်းဆောင်ရွက်မှုတွေဟာ “ ပြည်သူမှ ပြည်သူသို့” ဆိုတဲ့အပြန်အလှန်ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်မှုကရတဲ့ အောင်မြင်မှုတွေဖြစ်တဲ့အတွက် ပြည်သူလူကလည်း ဆက်လက်ပြီးတော့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အတူတကွ အောင်ပွဲပန်းတိုင်ဆီကို မျှော်ရည်ဆန္ဒတွေနဲ့ ဆက်လက်ပါဝင်ပေးကြပါ။ ဦးသိန်းဦး ပြည်ထောင်စုဝန်ကြီး တရားရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ
အလုပ်သမားနေ့ (May Day) အား ဂုဏ်ပြုခြင်း
အစ္စလာမ် ဘာသာဝင်တို့၏ အီးဒ် ရက်မြတ်အား ဆုမွန်ကောင်းပို့သခြင်း