ဒုတိယဝါဆိုလပြည့်နေ့ ဆုမွန်ကောင်း

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သော ဓမ္မစကြာအခါတော်နေ့၌ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများအားလုံး ဘေးဘယာများကင်းဝေးပြီး စစ်မှန်သောတရားဓမ္မဘက်မှ အမြန်ဆုံး အောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ တရားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

ဆယ့်ကိုးဇူလိုင်

ဆယ့်ကိုးဇူလိုင် မြန်မာ့သမိုင်းခပ်ရိုင်းရိုင်းအစဉ်လာရာဇဝင်အစဘုရင်သတ် ဘုရင်ဖြစ်စနစ်ဟောင်းလက်ကျန်အကြံသမားတစ်စုရန်ပြုသုတ်သင်ဒို့ဖခင်ဗိုလ်ချုပ်လုပ်နေတဲ့အစည်းဝေးသွေးပင်လယ်ဝေဖြေမဆည်နိုင် မျက်ရည်မိုးကိုးဦးအာဇာနည်ဒီမိုကရေစီအရေးရှေးရှု့ကာရည်အလေးပြုပါသည်အလေးပြုပါသည်။

ဆဲဗင်းဂျူလိုင် မမေ့နိုင်

ဆဲဗင်းဂျူလိုင် မမေ့နိုင် ဆဲဗင်းဂျူလိုင် စိတ်ဓာတ်ကို ကိုင်ဆွဲပြီး မတရားမှုများအား တွန်းလှန်တိုက်ထုတ်သွားကြပါစို့။ တရားရေး၀န်ကြီးဌာန

မြန်မာအမျိုးသမီးများနေ့

ယနေ့ကျရောက်သော မြန်မာအမျိုးသမီးများနေ့တွင် မြန်မာနိုင်ငံ၏ စစ်အာဏာရှင် ဖြုတ်ချရေး၌ နယ်ပယ်ရပ်အသီးသီးမှ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လျက်ရှိသော ပြည်တွင်းပြည်ပရှိ မြန်မာအမျိုးသမီးတို့အား လေးစား ဂုဏ်ယူအပ်ပါသည်။ တရားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Join Our Telegram Channel… https://t.me/nug_moj

အီးဒ်ပွဲတော် ဆုမွန်ကောင်း

ယနေ့ကျရောက်သော အစ္စလာမ်ဘာသာဝင် ညီအကို မောင်နှမများ၏ အီဒုလ်ဖိသိရ်၊ ဝါကျွတ် အီးဒ်ပွဲတော်နေ့တွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအနေဖြင့် တရားမျှတမှု၊ ငြိမ်းချမ်းသာယာမှု၊ ခွင့်တူညီမျှမှုရရှိပြီး ခွဲခြားဆက်ဆံခံရခြင်းများမှ ကင်းဝေးသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်နေသည်ကို သိရှိရသည့်အတွက် လွန်စွာ ဝမ်းသာကျေနပ် မိပါသည်။ အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော အီဒုလ်ဖိသိရ် အီးဒ်ပွဲတော်နေ့တွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ တရားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Join Our Telegram Channel…. https://t.me/nug_moj

‘’အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့”

‘’အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” နိုင်ငံသူ၊ နိုင်ငံသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း တရားရေးဝန်ကြီးဌာနမှ ဦးစွာဆုမွန်ကောင်းတောင်းလိုက်ပါသည်။ ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ဇွန်လ (၂၆) ရက်နေ့ကို ကမ္ဘာ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ချိန်ကစ၍ ကမ္ဘာ့နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ (၃၆)ကြိမ်မြောက် ရှိပြီ ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံတိုင်းတွင် မူးယစ်ဆေးဝါးများကို ဆေးပညာရပ်နှင့် ကျန်းမာရေးလိုအပ်ချက် အရ အသုံးပြုရန်မှ အပ ကျန်အခြေအနေ များတွင် အသုံးပြုခြင်းအား ဥပဒေပြဋ္ဌာန်းကာ တင်းတင်းကြပ်ကြပ် တားမြစ်ထားပါသည်။ မျက်မှောက်ကာလတွင် လူသားများအား လွယ်ကူစွာဖျက်ဆီးလျက်ရှိသည့် ကြောက်မက်ဖွယ်ရာကောင်းသော မူးယစ်ဆေးဝါးအန္တရာယ်ကို ကမ္ဘာ့ပြည်သူများ ထိတ်လန့်စွာ ရင်ဆိုင်ကြုံတွေ့လျက် ရှိပါသည်။ အသစ်အသစ်သော မူးယစ်ဆေးဝါးများအား နည်းလမ်းအမျိုးမျိုးဖြင့် […]

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန(၁၄၈)နှစ်မြောက် ကရင်နီ အမျိုးသားနေ့အား ကြိုဆိုဂုဏ်ပြုသဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန(၁၄၈)နှစ်မြောက် ကရင်နီ အမျိုးသားနေ့အား ကြိုဆိုဂုဏ်ပြုသဝဏ်လွှာ ၁။ ယနေ့ကျရောက်သည့် (၁၄၈)နှစ်မြောက် ကရင်နီအမျိုးသားနေ့ အချိန်အခါသမယတွင် မြန်မာနိုင်ငံအတွင်းနှင့် ကမ္ဘာ့နေရာဒေသအသီးသီးတွင်ရောက်ရှိနေကျသော ပြည်ထောင်စုဖွား ကရင်နီ တစ်မျိုးသားလုံး ဘေးရန်အပေါင်းကင်းဝေးကြပြီး စိတ်သစ်၊ အားအင်သစ်၊ ညီညွတ်သောစုစည်းမှုဖြင့် နိုင်ငံရေးနှင့် တော်လှန်ရေးအမြင်သစ်တို့ကို အခြေပြုလျက် ဖက်ဒရယ် ဒီမိုကရေစီပန်းတိုင်သို့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ၂။ ကရင်နီပြည်နယ်သည် သီးခြားလွတ်လပ်သော ပြည်နယ်အဖြစ် ၁၈၇၅ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့တွင် စတင်အသိအမှတ်ပြုခံခဲ့ရပြီး ထိုနေ့အား ကရင်နီအမျိုးသားနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်မှာ ယခုဆိုလျှင် (၁၄၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့သော သီးခြားလွတ်လပ်၍ ဂုဏ်သိက္ခာ အစဉ်အလာကြီးမားသော ကရင်နီမြေတွင် ရှင်သန်နေထိုင်ခဲ့ကြသည့် ကရင်နီတိုင်းရင်းသားတို့သည်လည်း စစ်အာဏာရှင်စနစ်အား လက်မခံဘဲ ရွပ်ရွပ်ချွံချွံ တွန်းလှန်တိုက်ပွဲဝင်လာခဲ့ကြပြီး ယခုအခါ ကရင်နီတိုင်းရင်းသားတို့၏အိပ်မက်ဖြစ်သော […]

၄၉ နှစ်မြောက် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့

၄၉ နှစ်မြောက် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့ ယနေ့ကျရောက်သော ၄၉ နှစ်မြောက် အလုပ်သမားသပိတ်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအောက်ရှိ တရားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို မကြောက်မရွံ့ မယိမ်းမယိုင် တော်လှန်နေကြသောမြန်မာ နိုင်ငံ တစ်ဝန်းလုံးရှိ အရပ်‌ဒေသအသီးသီးမှ အလုပ်သမားများအားလုံးအပေါ် အလေးအနက် ထား၍ လေးစားဂုဏ်ပြုအပ်ပါသည်။ ယနေ့ကျရောက်သော အလုပ်သမားနေ့သည် အလုပ်သမားများ၏ မဆုတ်မနစ်ကြိုးစားမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ ရဲရင့်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ တရားမျှတမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မယိမ်းမယိုင်သောစိတ်ဓာတ်ကို အသိအမှတ်ပြုသည့် အထိမ်းအမှတ်နေ့လည်းဖြစ်ပါသည်။တရားရေးဝန်ကြီးဌာနအနေဖြင့်လည်း အာဏာရှင်စနစ်ကိုတော်လှန်နေကြသည့် နိုင်ငံတဝန်းလုံးတွင်ရှိသော အလုပ်သမားများနှင့်အတူ ရပ်တည်လျက် တရားမျှတမှုနှင့် လွတ်လပ်ခွင့်များအတွက် ကြိုးစားနေကြသည့် အလုပ်သမားတိုင်း ရသင့် ရထိုက်သော လွတ်လပ်မှု၊တန်းတူညီမျှမှုများ နှင့် ဥပဒေအကာအကွယ်များ ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်‌‌ထောင်စုနိုင်ငံတော်နှင့် ဥပဒေကိုလေးစားလိုက်နာသော လူ့အဖွဲ့အစည်းကို ထူထောင်ရာတွင်လည်း အတူတကွ လက်တွဲ၍ ကြိုးစားသွားမည်ဖြစ်ကြောင်း […]